How to Become a Hacker ? ဟက်ကာတစ်ယောက်ဘယ်လိုဖြစ်လာနိုင်လည်း
Hacker ဖြစ်ချင်သူ ဖြတ်သန်းရမဲ့ ခရီးရှည်
Hacking ကို Self-Study လုပ်ပြီးသင်ယူနိုင်မလား?
သင်ယူနိုင်ပါတယ်။ တိတိကျကျပြောရရင် တစ်ကမ္ဘာလုံးမှာရှိနေတဲ့ Hacker တွေတော်တော်များများက Hacking ကို Self-study လုပ်ပြီးတော့ဘဲ တတ်မြောက်ကျွမ်းကျင်လာကြတာပါ...
Self-study ဆိုတာကတော့ ပညာရပ်တစ်ခုကို သင်တန်း (သို့) သင်ကြားပေးမဲ့ ဆရာတစ်ယောက်မရှိ ပေမဲ့ Online ပေါ်တွင်လည်းကောင်း၊ စာအုပ်ဖတ်၍ သော်လည်းကောင်း မိမိကိုယ်တိုင် ရှာဖွေသင်ယူခြင်းကို ဆိုလိုပါတယ်...
English ဘာသာစကားမှာ အားနည်းနေတယ် သင်လို့တတ်နိုင်မလား?
Hacking ကိုတီးမိခေါက်မိ ရှိရုံ အထိမြန်မာလို သင်ကြားပေးမဲ့ စာအုပ်တွေ အများအပြားပေါ်ထွက်လာပါပြီ...ဒီအဖြေမှာတော့ ချွင်းချက်ပါဝင်နေတာသတိထားမိမှာပါ...ခုနောက်ပိုင်းဆိုရင်တော့ အတိုင်းအတာတစ်ခုထိ တတ်မြောက်လာအောင်ကူညီပေးနိုင်တဲ့ မြန်မာဘာသာနဲ့ ရေးသားထားတဲ့ နည်းပညာစာအုပ်တွေရှိလာပါပြီ...နောက်တစ်ခုက Hacking ဆိုတာ နည်းပညာရဲ့ အဆုံးစွန်တတ်မြောက်မှု သိမြင်မှု ဆိုတာကိုနားလည်ထားဖို့ပါ...အဲတာကတော့ သင်ယူနေသူရဲ့ စိတ်ထဲမှာ ရှင်းနေအောင်လက်ခံထားရပါလိမ့်မယ်...ဆိုလိုတာကတော့ Hacking ကို သင်ချင်တယ် Hacker တစ်ယောက်ဖြစ်ချင်တယ် ဆိုတာ Movie တစ်ခုကြည့်ပြီး ခဏတာရူးသွပ်တဲ့ ဖြစ်ချင်စိတ်မျိုး မဖြစ်ဖို့ပါ...Hacker တစ်ယောက်ဖြစ်ဖို့အတွက် Hacking ကိုမသင်ယူခင်မှာ အခြေခံတတ်မြောက်ထားရမဲ့ နည်းပညာတွေကို အောက်သက်ကျေအောင်လေ့လာထားသင့်ပါတယ်...မဟုတ်ရင်တော့ လမ်းခုလတ်မှာတင် Hacking ရဲ့ ရှုပ်ထွေးနက်နဲတဲ့ သဘောတရားတွေကို လက်မြှောက်အရှုံးပေးသွားရပါလိမ့်မယ်...အခြေခံတတ်မြောက်မှုနဲ့ အဲဒီ့အဆင့်ထက်ပိုတဲ့ တတ်မြောက်မှုတွေကို မြန်မာလိုတတ်ရုံနဲ့ စာအုပ်တွေဖတ်ပြီးလေ့လာနိုင်ပါတယ်...အဲအတွက်ကြောင့် Hacking ကို စတင်လေ့လာဖို့ရော...မလေ့လာခင်အောက်ခြေခိုင်အောင် သင်ယူဖို့အတွက်ပါ ဘာသာစကား အားနည်းမှုကို ခဏတာတော့ လျစ်လျူရှုနိုင်မှာပါ...
ဘယ်ကနေစရမလဲ?
အဖြေကတော့ အရမ်းရှင်းပါတယ်...အခြေခံကနေစပါ...အခြေခံကနေစပါဆိုလို့ဘယ်အခြေခံလည်းမေးစရာရှိလာပါမယ်...အဲအတွက်လမ်းကြောင်းလေးချပြပါမယ်...ပထမဆုံးအနေနဲ့ လုပ်ရမှာက စိတ်ကိုပိုင်းဖြတ်ပါ..."ငါ Hacker တစ်ယောက် မဖြစ်ဖြစ်အောင် သင်ယူမယ်...ဘယ်လောက်ပဲအခက်အခဲရှိရှိ လက်မလျော့ဘူး"ဆိုပြီးတော့ပေါ့...ဒုတိယအနေနဲ့ကတော့ အရင်မတောက်တခေါက် မရေမရာ ဝေဝေဝါးဝါးသိခဲ့တာတွေကို မေ့ပစ်လိုက်ပါ...ခေါင်းထဲမှာ မသေချာခဲ့တာတွေ ရှင်းထား...Hacking ကိုသင်ယူချင်ရင် အသေးစိတ် တိတိကျကျသိရမယ်ဆိုတာတွေးထား...အဲအတွက် အစအဆုံးပြန်လေ့လာ...
ကဲအခုဆိုခေါင်းထဲလည်ရှင်းပြီးပြီ သင်ယူဖို့အဆင်သင့်ဖြစ်နေပြီဆိုပါစို့...
1.Basic Computer သင်ခန်းစာတွေစတင်လေ့လာပါ...မြန်မာလို စာအုပ်တွေရှိပါတယ်...အနည်းဆုံး...Basic Computer ချည်းပဲ ၃အုပ်လောက်ဖတ် မတူတာ...သေချာဖတ်နော် ဒါလေးများသိပါတယ်ကွာ ဆိုပြီး မကျော်လိုက်နဲ့ မှတ်စရာရှိတာမှတ် လိုင်းတားစရာရှိတာတားထား...ပြီးတော့ လက်တွေ့လုပ်ကြည့်...ကျန်တာဘာမှမရောစေနဲ့ ...အချိန်အားဖြင့်တော့ တစ်နေ့မှာ ၄ နာရီ အချိန်ပေးနိုင်ရင် အဆင်ပြေပြီ...အလွန်ဆုံး Basic Computer ကို တစ်လ ပေါ့...
2.Basic ကိုကောင်းကောင်းနားလည်ပြီးတဲ့အခါ နောက်တစ်ဆင့်က A+ Basic ကို ဆက်လက်လေ့လာဖို့ပါ...A+မှာဆိုရင်တော့ Hardware အကြောင်းတွေ Window တင်နည်းတွေ Virus သတ်နည်းတွေ Software Install လုပ်နည်းတွေ စသည်ဖြင့်ပါဝင်ပါတယ်...A+ basic လည်း တစ်နေ့ ၄ နာရီသာအချိန်ပေး...တစ်စိုက်မတ်မတ်လေ့လာသွား တစ်လဆိုရပြီ...A+ကျတော့ နောက်တစ်ပိုင်းခွဲကြတယ်...ကိုယ်ကမခွဲချင်လည်းရတယ်...Advance A+ပါ သူကလည်းမခက်ပါဘူး...ဘာတွေပါမလဲဆိုတော့...ပိုပြီးအသေးစိတ်ကျတဲ့ Hardware အကြောင်းတွေ...HDD Clone ရိုက်နည်း...Partition ကျွမ်းကျင်စွာပိုင်းနည်း...CMD command တွေ...OS မျိုးစုံ Install လုပ်နည်းတွေ...Window Password Crack နည်းတွေ...Hiren Boot သုံးနည်းတွေ...Dual Windowတင်နည်းတွေ...စသည်ဖြင့် လေ့လာရပါမယ်...
အဲဒီ့မှာ ထပ်ပေါင်းပေးချင်တာက A+စာအုပ်အတော်များများမှာမပါဝင်တဲ့ Registry အကြောင်းပါ (မြန်မာလိုစာအုပ်ရှိပါတယ်)လေ့လာထားရပါမယ်...Registry ဆိုတာကတော့ Window မှာအရေးအကြီးဆုံးလို့ပြောလို့ရပါတယ်...
နောက်တစ်ခုကတော့ A+ကိုပိုင်နိုင်ပြီဆိုရင်တော့...Bat File programming အကြောင်းစတင်လေ့လာနိုင်ပါပြီ...သူကတော့ Programming မှာ အလွယ်ဆုံးပါ...instruction တွေကို Program ရေးပြီး Window OS ကို လိုသလိုခိုင်းစေတာပါ...အရမ်းလည်းလွယ်ပါတယ်...အဲဒီ့ Bat file programming သာတတ်ရင် Virus အသေးလေးတစ်ကောင် ကိုယ်တိုင်စရေးနိုင်ပါပြီ...
နောက်တစ်ခုကတော့ Networking ပါ...
Networking မှာလည်းအခြေခံဖြစ်တဲ့ Computer နှစ်လုံးဘယ်လိုချိတ်မလဲ ဆိုတာကနေ Server အကြောင်းတွေအထိ မြန်မာလိုရေးထားတာတွေရှိပါတယ်...Network မှာတော့ ip address အကြောင်းတွေ ...Data transfer လုပ်ပုံလုပ်နည်းတွေ...Network ချိတ်ဆက်ပုံချိတ်နည်းတွေ...အဲတာတွေပြီးတော့ Wirelessအကြောင်း ...Server အကြောင်းတွေ စသည်ဖြင့်...နောက်ဆုံး ဒီအတိုင်း လေ့လာလို့အားမရသေးရင် CCNA တောင်မြန်မာလိုရေးထားတာတွေရှိပါတယ်...Network မှာတော့ ၁လ နဲ့မလုံလောက်ပါဘူး...အနည်းဆုံး ၄လလောက်လုပ်ယူရပါမယ်...အားမရလို့ CCNA ဆက်သွားချင်ရင် အချိန်ပိုလိုအပ်ပါတယ်...
တကယ်တော့ Network ကိုသိသွားရင်ဘဲ Hacking ကိုစတင်လေ့လာနိုင်ပါပြီ...ဒါပေမဲ့ Website Hacking ပိုင်းနဲ့ Programming ပိုင်းတော့ အားနည်းနေသေးတာပေါ့...ဆက်သွားကြည့်ရအောင်...
Website နဲ့ပက်သက်လို့ လေ့လာစရာတွေလည်း မြန်မာလိုရေးသားထားတာရှိပါတယ်...Webdesign...ပြီးတော့ Webdeveloper...အဲဒီ့မှာ သင်ယူရမှာတွေက HTML/PHP/CSS/Java Script စတာတွေနဲ့ တခြား webနဲ့သက်ဆိုင်တဲ့ Language တွေပါ...နောက်ပြီး Blog ရေးနည်းလေးလည်းလေ့လာထားပါ သူကလွယ်ပါတယ်...
နောက်ဆုံးတစ်ခုကတော့ Programming ပါ...
Programming မှာတော့...Python..C...C++...Java...စသည်ဖြင့်အများအပြားရှိပါတယ်...တစ်ခုတည်းကို စတင်လေ့လာကြည့်ပါ...သူလည်းမြန်မာလိုရေးထားတာတွေရှိတာပဲ...
ရေးကောင်းကောင်းနဲ့ရေးလိုက်တာ...အတော်လေးများသွားပြီ...အထက်မှာပြောခဲ့တာတွေ ကို တတ်မှာ Hacking ကို အစပျိုးလို့ရမှာလား...မေးစရာရှိပါတယ်...မဟုတ်ပါဘူး...A+ နဲ့ Network Basic လောက်သိရုံနဲ့ အစပျိုးနိုင်ပါပြီ...
Hackingကိုစတင်လေ့လာခြင်း...
တကယ်လို့သင်က A+ နဲ့ Network basic ကို ကျွမ်းကျင်ရုံနဲ့ Hacking ကိုအစပျိုးနိုင်ပါပြီ...Hacking နဲ့ပက်သက်တဲ့ စာအုပ်စာတမ်းတွေ Tutorial တွေလည်း မြန်မာလို အများအပြားရှိပါတယ်...
သူများချပြပေးထားတဲ့ Tool တွေ Software တွေကို စစမ်းကြည့်ရပါမယ်...
အကောင်းဆုံးအကြံပေးချင်တာကတော့...
သင့်ရဲ့ ပထမဆုံး ခြေလှမ်းကို "Phishing" "Keyloggerတို့နဲ့စတင်သင့်ပါတယ်...နောက်တစ်ဆင့်ကတော့..."RAT" (Remote Administrator Tool)ဥပမာ...Pro Rat(trojan virus)...တခြား အသုံးမဝင်တော့ပေမဲ့ Password Attack နည်းတွေဖြစ်တဲ့ Brute Force Attack...Dictionary Attack...စတာတွေနဲ့...Mobile မှာအသုံးပြုနိုင်တဲ့ AndroRat တွေ...Wireless Attack တွေ...Mobile Keylogger...Mobile Spy...DDOS ATTACK (Software Only)စတာတွေနဲ့ Hacking ကိုစတင်ထိတွေ့နိုင်ပါတယ်...တကယ်လို့ အထက်ပါနည်းတွေကို စမ်းသပ်အသုံးပြုနေပြီဆိုရင်တော့ သင်ဟာ Scriptkiddie hacker တစ်ယောက်ပါ (သူများတွေကထင်တယ် scriptkiddiesဆိုရင် ကလေးအထာလို့ပေါ့...ဒါပေမဲ့အဲအဆင့်ရောက်ဖို့ကို အများကြီးလုပ်ယူရပါတယ်)...
Scriptkiddie က သိသင့်သိထိုက်တဲ အခြေခံနည်းပညာတွေသိတယ်...တချို့ကိုကျွမ်းကျင်တယ်...ဒါပေမဲ့ သူများချပေးထားတဲ့ Tool တွေ Software တွေ Tutorial တွေ ကိုပဲအားကိုးနေရတယ်...ကိုယ်တိုင်မပြင်နိုင်သေးဘူး အသစ်မရေးနိုင်ဘူး...အဲဒီ့အကြောင်းတွေကြောင့် အစပိုင်းမှာတော့ ပျော်စရာကောင်းတယ်...ကြာလာတော့ သူများနောက်လိုက်လုပ်ရတာအားမရတော့ဘူး...နယ်ပယ်ကျဉ်းမြောင်းသလိုခံစားရမယ်...အဲအထဲကဖောက်ထွက်ချင်တယ်...
ကျဉ်းမြောင်းတဲ့နယ်ပယ်ကနေ စတင်ဖောက်ထွက်ခြင်း
Scriptkiddie အဆင့်ဟာ Hacker တိုင်းနီးပါး ဖြတ်သန်းလာခဲ့ဖူးတဲ့အဆင့်တစ်ခုပါ...အဲဒီ့အဆင်ကို မတင်းတိမ်နိုင်တဲ့ စိတ်ကပဲ Intermediate Level Hacker တွေမွေးထုတ်ပေးခဲ့တာပါ...
ဒီအဆင့်မှာတော့ Program တွေပြင်ဆင်တာ...တကယ့် real world မှာ Attack လုပ်တာတွေ ပါဝင်တဲ့အတွက်...Networking Advance အဆင့်နဲ Programming ဖတ်နိုင်ရုံပြင်နိုင်ရုံလောက်သိထားရပါမယ်...Program တွေရဲ့ Source Code တွေဖတ်ရမယ်...Exploit တွေရဲ့ အတော်များများက ပြန်မပြင်ယူတတ်ရင် သုံးလို့မရပါဘူး မရအောင်ကို တမင်လုပ်ပေးထားတာပါ...အဲတာကလည် မတောက်တခေါက်တွေရန်ကလွတ်အောင်လို့ပါ...
ဒီအဆင့်အတွက်ကတော့ ထပ်ပေါင်းလေ့လာစရာတိုးလာပါတယ်...အဲတာကတော့ Linux ပါ...Hacking Software တွေရဲ့ 80%လောက်က Linux ပေါ်မှာ run ပါတယ်...Linux အတွက် မြန်မာလိုရေးထားတဲ့စာအုပ်ရှိပါတယ်...Linux Network အတွက်တော့(ကျွန်တော်ပြည့့်စုံတဲ့စာအုပ်မတွေ့ဖူးသေးပါ)...သင်တန်းတော့ရှိပါတယ်...နောက်ပြီး Hacking and Security အတွက်သီးသန့် OS ဖြစ်တဲ့ Kali Linux ကိုလည်း လေ့လာဖို့တိုက်တွန်းချင်ပါတယ်...ဝမ်းသာစရာက.သူကမြန်မာလိုစာအုပ် ထွက်ပါတယ်...Kali OS မှာတော့ Hacking Tools တွေဟာ အတော်များများပါဝင်ပြီးသားပါ...အဲမှာပါတဲ့ Exploit တွေကတော့ ပြင်ယူရမှာနော်...
နောက်တစ်ခု Intermediate Level မှာလေ့လာသင့်တာက Botnet အကြောင်းပါ...ထောင်ပေါင်းများစွာ သော Computer တွေ ကိုခိုင်းစေပြီး DDOS Attack လုပ်နိုင်ပါတယ်...(မြန်မာလို Tutorialရှိပါတယ်)
နောက်ဆုံး Elite Level Hacker အဆင့်ကတော့ ရှင်းပါတယ် သင်တို့အသုံးပြုနေတဲ့ ပြင်ဆင်နေတဲ့ Hacking OS တွေ Software တွေ Tools တွေကိုစတင်ဖန်တီးသူတွေပေါ့...အရမ်းလည်းအန္တရာယ်ရှိသလို့အရမ်းလည်းရှားပါတယ်....................
ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်...
Like လိုချင်လို့ တင်တာမဟုတ်တဲ့အတွက် အားနာနာနဲ့တော့ Like လုပ်စရာမလိုပါဘူး...တကယ်လို့ စာဖတ်သူရဲ့ အသိကိုတိုးစေခဲ့ရင်တော့ Like လုပ်ပြီးအားပေးနိုင်ပါတယ်...Share ပေးနိုင်ပါတယ်
ကျွန်တော်က နည်းပညာအားလုံးကိုမသိနိုင်တဲ့အတွက် တချို့နေရာတွေအမှားပါခဲ့ပါက ခွင့့်လွှတ်ပါ...စကားလုံးအမှားလည်းပါကောင်းပါနိုင်ပါတယ်...ဆဲဆိုချင်းမှာလွဲ၍ ကြိုက်သလိုဝေဖန်ထောက်ပြနိုင်ပါတယ်...အပြုသဘောဆောင်တဲ့ဆွေးနွေးမှုအတွက်ကြိုဆိုပါတယ်...
နည်းပညာနယ်ပယ်မှာ မိမိထက် အသိပိုကြွယ်ဝတဲ့သူတွေ ရှိပါတယ်...ကျွန်တော့်ရဲ့စာမှာလိုအပ်ပါက ကျွန်တော်ရဲ့မပြည့်ဝမှုကို သည်းခံပေးစေလိုပါတယ်....
Comments
Post a Comment