ARRAY
Array
အရင် သင်ခန်းစာတွေအရ variable တစ်ခုမှာ value တစ်ခုပဲသတ်မှတ်လို့ရတယ်လို့ ပြောထားပါတယ်။ တစ်ခါ တစ်လေမှာ variable တစ်ခုတည်းမှာပဲ value တွေ အများကြီးသိမ်းထားချင်တဲ့အခါမျိုးရှိတက်ပါတယ်။ အဲ့ဒီလို variable တစ်ခုထဲမှာပဲ multiple values တွေ ထည့်ချင်တဲ့အခါ JavaScript မှာ Array ဆိုတဲ့ object data type ရှိပါတယ်။ array ဆိုတာ object data type ဖြစ်ပြီးတော့ multiple data တွေကို single variable ထဲမှာ သိမ်းပါတယ်။ နောက်ပြီး သူက non-primitive data type ဖြစ်ပါတယ်။ primitive နဲ့ non-primitive ကြောင်းနောက်ပိုင်းမှာ ရှင်းပြပါ့မယ်။
Array တည်ဆောက်မယ်ဆိုရင် နည်း (၂) နည်း ရှိပါတယ်။
Array Constructor နဲ့ Array literal ပါ။
Array literal syntax က ဒီလိုပါ။
const arrayname = [ element0,element1,element3, . . . ,element10];
Values တွေကို , (comma) နဲ့ ခြားပြီး [](square brackets) ထဲမှာ ထည့်ရေးပါတယ်။ JavaScript ရဲ့ Array ထဲမှာဆိုရင် data types အ** **မျိုးမျိုး ကိုသိမ်းလို့ရပါတယ်။ ဆိုလိုတာက number,boolean , string စတဲ့ data types တွေကို array ထဲမှာသိမ်းထားနိုင်တယ် ဆိုလိုတာပါ။ data types တူတဲ့ values တွေကြည့်ပဲသိမ်းထာလို့ ရသလို data types မတူတဲ့ values တွေကိုလည်း တစ်စုတစ်စည်းတည်းသိမ်းထားလို့ရပါတယ်။
Example
const number_array = [ 2, 3, 4, 5];
const string_array = [ “two” , “three” ,”four”];
const mix_array = [ true , 1, “two” , 3 ,”four” , false];
Array ထဲက elements တွေကို သိချင်တဲအခါ ပြန်ယူချင်တဲ့အခါ သူတို့ရဲ့ index လေးတွေနဲ့ပြန်ယူရပါတယ် ။ index ဆိုတာ number လေးတွေဖြစ်ပြီးတော့ array elements တွေရဲ့ အခန်းနံပါတ် သို့မဟုတ်position တွေဖြစ်ပါတယ်။ ပြီးတော့ array indexes တွေက 0 based ဖြစ်ပါတယ်။ ဆိုလိုတာက array ထဲမှာ ပထမ element ကို သိမ်းတဲ့အခါ index ကို 0 ကနေ စမှတ်ပြီး သိမ်းထာပါတယ် ။ ဒါကြောင့် array ထဲမှာ element 5 ခုရှိတယ်ဆိုရင် index က 0 to 4 ဖြစ်ပါတယ်။
ဒါကြောင့် array ထဲက element တွေကို လိုချင်တဲ့အခါ index တွေနဲ့ ပြန်ယူရပါတယ်။ ဒီလိုပါ။
const fruit = [“apple”,”banana”,”mango”,”orange”,”grape”];
console.log(fruit[0]); // “apple”
element တွေကိုပြန်လိုချင်တဲ့အခါ array ရဲ့ name ပြီးတော့ square brackets ပြီးတော့ square brackets ထဲမှာမှ ကိုလိုချင်တဲ့ array element ရဲ့ index ကို ထည့်းပေးရပါတယ်။ ဒါကြောင့် fruit[ 0 ] လို့ထုတ်လိုက်တဲ့ အချိန်မှာ fruit array ရဲ့ index 0 နေရာမှာ ရှိတဲ့ “apple” ထွက်လာပါတယ်။ index တွေနဲ့ တွဲပြီး output ထွက်တာလိုချင်ရင် console.table(fruit) ဆိုပြီး ထုတ်ကြည့်လို့ရပါတယ်။ array ရဲ့ data type ကိုသိချင်ရင် console.log(typeof fruit) ဆိုပြီးတော့ ထုတ်ကြည့်လို့ရပါတယ်။
နောက်ပြီး array ရဲ့ length ကိုသိချင်တဲ့အခါ array ရဲ့ property တစ်ခုဖြစ်တဲ့ length ကို အသုံးပြုလို့ရပါတယ်။
const color = [ “red”, “green” ,”blue”,”orange”,”yellow”];
console.log(color.length) // 5 ;
ဒီလိုဆိုရင် color array ရဲ့ element အရေအတွက် ကို ထုတ်ပေးတယ်။ ဒါကြောင့် 5 ဆိုပြီး ရပါတယ်။ ဒါကြောင့် array ရဲ့ နောက်ဆုံး element ကိုလိုချင်ရင် *color[color.length-1] *ဆိုပြီးတော့ ထုတ်လေ့ရှိပါတယ်။
Array ကို Array Constructor သုံးပြီးတော့လည်း တည်ဆောက်ပါတယ်။ Array Constructor ရဲ့ syntax ကဒီလိုပါ။
const arrayname = new Array();
**new keyword + Array() constructor **နဲ့ ဆောက်ပါတယ်။
const number_array = new Array();
number_array[0] = 1;
number_array[1] = 2;
number_array[2] = 3;
number_array[3] = 4;
ပြီးတော့ သူ့ထဲကို values တွေထည့်ချင်ရင် array name ပြီးတော့ [] (square brackets) ထဲမှာ index ပြီးတော့ ကိုထည့်ချင်တဲ့ value ရေးရပါတယ်။ ဒါက Array Constructor ရဲ့ syntax တစ်ခုပါတယ်။
နောက် syntax တစ်ခုက ဒီလိုပါ။
const arrayname = new Array(Number length);
new keyword + Array() constructor နဲ့ ဆောက်ပြီး () ထဲမှာ array ရဲ့ length ကို number data type နဲ့ ထည့်ပေးတဲ့နည်းပါ။
Example
const fruit = new Array(3);
ဒီလိုဆို fruit ဆိုတဲ့ array တည်ဆောက်လိုက်ပြီး သူ့ရဲ့ length က 3 ဆိုပြီး တစ်ခါတည်းထည့်ပေးပါတယ်။
console.log(fruit.length) လို့ထုတ်ကြည့်ရင် 3 ဆိုပြီး ရပြီး console.log(fruit) လို့ထုတ်ကြည့်ရင် fruit array ထဲမှာ empty ဆိုပြီး ရှိနေတယ်လို့ output ထုတ်ပေးပါလိမ့်မယ်။ သူထဲကို values တွေထည့်ချင်ရင်လည်း ဒီလိုပဲထည့်ပါတယ်။
fruit[0] = “apple”;
fruit[1] = “orange”;
fruit[2] = “grape”;
Array ရဲ့ length ကို 3 လို့ပဲ သတ်မှတ်ထားပြီး values ကိုနှစ်ခုပဲထည့်တဲ့အခါ နောက်ဆုံး value ကို empty ဆိုပြီးထည့်ပါတယ်။ နောက်ထပ် element တွေထပ်ထည့်တဲ့အခါ length ကသူ့ဘာသာတိုးသွားပါတယ်။
နောက်ထက် syntax တစ်ခုက ဒီလိုပါ။
const arrayname = new Array(element0 , element1,...,element9);
ဒါကတော့ Array() constructor ထဲမှာပဲ ထည့်ချင်တဲ့ elements တွေကို တစ်ခါတည်း ထည့်ပါတယ်။
const color = new Array(“red”,”green” ,”blue”, “orange”,”yellow”);
console.log(color[0]) // “red”
ဒီနေရာမှာ ပြောစရာလေးရှိပါတယ်။ array တွေကို const keyword သုံးပြီး declare လုပ်ထားပါတယ်။ let or var သုံးလို့ မရဘူးလားဆိုတော့ ရပါတယ်။ var နဲ့ let ကို သုံးရင် variable ကိုပြန် reassign လုပ်လို့ရပါတယ်။ ဆိုလိုတာက ပထမ declare လုပ်တုန်းက data types က object ဖြစ်ပြီး နောက်တစ်ကြောင်းမှာကျ number or string ပြောင်းပြစ်တာကိုဆိုလိုတာပါ။
Example
let users = [ “John” ,”Smith”,”Marry”];
console.log(typeof users); // object
users = “John”;
console.log(typeof users); // string
ဒီမှာဆိုရင် users ကို let keyword နဲ့ declare လုပ်ထားပြီးတော့ array တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် typeof နဲ့ data type ကိုထုတ်ကြည့်တဲ့အခါမှာ object ဆိုပြီး ပြပါတယ်။ ဒါပေမဲ့ ဒုတိယတစ်ကြောင်းမှာ users ကို “John” ဆိုပြီးတော့ string တစ်ခုအဖြစ် reassign လုပ်လိုက်ပါတယ်။ ဒါကြောင့် typeof နဲ့ data type ကိုထုတ်ကြည့်တဲ့အခါမှာ string ဆိုပြီး ပြပါတယ်။
const keyword သုံးပြီး declare လုပ်ခဲ့ရင် တော့ Uncaught TypeError: Assignment to constant variable ဆိုပြီး error တက်ပါလိမ့်မယ်။
Example
const users = [ “John” ,”Smith”,”Marry”];
console.log(typeof users); // object
users = “John”; // can’t assign to constant variable
console.log(typeof users); // Uncaught TypeError
array တွေကို တည်ဆောက်ကြတဲ့အခါ များသောအားဖြင့် reassign ပြန်လုပ်ခဲပါတယ်။ array ထဲက element တွေကိုပဲ ဖြတ်တာ ၊ ထုတ်တာ ၊ သွင်းတာ စတဲ့ အလုပ်တွေပဲလုပ်တာများတဲ့အတွက် array ကို constant အနေနဲ့ပဲထားပါတယ်။ ဒါကျွန်နော့်အမြင်ပါ ။ လွဲကောင်းလွဲနိုင်ပါတယ်။
ဒါကြောင့် array ကို special type of variable လို့လည်းခေါ်ပါတယ် ။
ပြီးတော့ array ကို array literal , array constructor သုံးပြီး တည်ဆောက်လို့ရတယ်။
array က 0-based ဖြစ်တာကြောင့် array ထဲက element တွေကို index 0 ကနေစတယ်။
index က numeric ဖြစ်ပါတယ်။
နောက်ပြီး array တစ်ခုထဲမှာပဲ multiple values of data types တွေကိုသိမ်းထားနိုင်တယ် ။
နောက်ပြီး array ရဲ့ lengthကိုသိချင်ရင် array ရဲ့ property ဖြစ်တဲ့ length ကို အသုံးပြုလို့ရပါတယ်။
အမှားပါရင်ထောက်ပြခဲ့ပါအုံးဗျ။
Comments
Post a Comment