သင့်မဲရုံကိုရှာဖွေပါ
အောက်တိုဘာ ၁ ရက်ကစပြီး အွန်လိုင်းကနေ မဲစာရင်းစစ်နိုင်ပြီ
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ ကိုယ့်ရဲ့နာမည်ပါ/ မပါဆိုတာကို မဲစာရင်းစစ်ဖို့အတွက် အင်တာနက်အွန်လိုင်းကနေ အောက်တိုဘာ ၁ ရက်ကစပြီး စစ်ဆေးနိုင်ပြီလို့ သိရပါတယ်။မဲပေးခွင့်ရမယ့်သူတွေရဲ့ စာရင်းကို အောက်တိုဘာလ ၁ ရက်ကနေ ၁၄ ရက်အထိ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ရုံးတွေ၊ ရပ်ကျေးရုံးတွေမှာ နောက်ဆုံးအကြိမ် ကြေညာပေးထားမှာ ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ လူကိုယ်တိုင် မသွားရောက်ချင်သူတွေအတွက် အွန်လိုင်းကနေ စစ်ဆေးနိုင်တာက အဆင်ပြေစေပါတယ်။
"သင့်မဲရုံကို ရှာဖွေပါ"( Find Your Polling Station)
Website/App အသုံးပြုပုံနှင့်
သင့် Computer သို့မဟုတ် Mobile Phone ၏ Web Browser တွင် Website ၏လိပ်စာကိုရိုက်ထည့်ပါ - https://findyourpollingstation.uec.gov.mm
သို့မဟုတ် ဖော်ပြပါ QR Code ကို Scan ဖတ်၍လည်း Website သို့သွားရောက်နိုင်ပါသည်။
အသုံးပြုပုံအသေးစိတ်ကို ဖော်ပြပေးထားပါသည်။
Android App Download ရယူရန် https://bit.ly/2HM94bj
အသုံးပြုပုံ Download ရယူရန် https://bit.ly/2HM94bj
အဆင်ပြေကျပါစေ 😃
အသုံးလိုရင် Share သွားလိုက်ပါ။
အားလုံးကိုကျေးဇူးတင်ပါတယ်...
Comments
Post a Comment