Google အသုံးပြုနည်း

 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 နှင့် 𝐌𝐨𝐛𝐢𝐥𝐞 𝐏𝐡𝐨𝐧𝐞 အသုံးပြုသူများ မဖြစ်မနေ သိထားသင့်သည့် အရာပါ။


𝐆𝐨𝐨𝐠𝐥𝐞 အသုံးပြုနည်း လမ်းညွှန်။

---------------------




ပြည်တွင်းရှိ ကျောင်းသားများအတွက် 𝐆𝐨𝐨𝐠𝐥𝐞 သည် မရှိမဖြစ် အရာတစ်ခုဟုသာ အဓိပ္ပာယ် ဖွင့်ဆိုရမည် ဖြစ်သည်။


သို့သော်လည်း ကျောင်းသားအများစုက မည်သို့အသုံးပြုရမည်ကို သေချာစွာ သိရှိခြင်း မရှိသေးပေ။ မိမိရှာဖွေလိုသည့် အကြောင်းအရာ၊ အချက်အလက်များကို တိကျစွာရှာဖွေခြင်း၊ သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့ကို သေချာစွာ မသိရှိခြင်းကြောင့် အချိန်ကုန်၊ လူပင်ပန်း၊ ငွေကုန်ကြေးကျ များရသည့် အဖြစ်မျိုးနှင့်လည်း ကြုံနေရသည်။ ယင်းကဲ့သို့ အခြေအနေများရှိသည့်


အတွက် ပြည်တွင်းရှိ ကျောင်းသားတိုင်းအတွက် 𝐆𝐨𝐨𝐠𝐥𝐞 အသုံးပြုနည်း လမ်းညွှန်အနေနှင့် အချက်အလက်များ ရှာဖွေခြင်း၊


သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့အတွက် နည်းလမ်းများကို စုစည်းဖော်ပြပေးအပ်ပါသည်။


𝐆𝐨𝐨𝐠𝐥𝐞 𝐖𝐞𝐛 𝐒𝐞𝐚𝐫𝐜𝐡 (𝐓𝐢𝐩𝐬 𝐚𝐧𝐝 𝐓𝐫𝐢𝐜𝐤𝐬)


၁။ စာအုပ်တစ်အုပ်ကို 𝐩𝐝𝐟 𝐟𝐢𝐥𝐞 𝐟𝐨𝐫𝐦𝐚𝐭 နှင့် ရှာဖွေလိုပါက 𝐟𝐢𝐥𝐞𝐭𝐲𝐩𝐞:𝐩𝐝𝐟 ဟု ထည့်သွင်းရေးသားပြီး ရှာဖွေနိုင်မည် ဖြစ်သည်။


ဥပမာ ။ ။ 𝐞𝐥𝐞𝐜𝐭𝐫𝐨𝐧𝐢𝐜𝐬 𝐟𝐢𝐥𝐞𝐭𝐲𝐩𝐞:𝐩𝐝𝐟


၂။ အချို့စကားလုံးများကို မိမိရှာဖွေသည့် အဖြေရလဒ်အတွင်း ထည့်သွင်းမဖော်ပြစေလိုပါက ” – ” ( အနုတ်လက္ခဏာ) ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။


ဥပမာ။ 𝐫𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 -𝐣𝐚𝐩𝐚𝐧 (𝐉𝐚𝐩𝐚𝐧 စားသောက်ဆိုင်မရှာရန် လုပ်ဆောင်ခြင်း ဖြစ်သည်။)


၃။ တစ်မျိုးမဟုတ်တစ်မျိုး တစ်ခုခုကို ရှာဖွေမှုရလဒ်မှာ ထည့်သွင်းဖော်ပြစေလိုပါက ‘𝐎𝐑’ ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။


ဥပမာ။ 𝐃𝐫𝐨𝐧𝐞 𝐎𝐑 𝐔𝐀𝐕


၄။ 𝐆𝐨𝐨𝐠𝐥𝐞 တွင် အင်္ဂလိပ်ဘာသာမှ အင်္ဂလိပ်ဘာသာ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှာဖွေလိုပါက "𝐃𝐞𝐟𝐢𝐧𝐞" ကို အသုံးပြုနိုင်မည် ဖြစ်သည်။ ဥပမာ။ 𝐝𝐞𝐟𝐢𝐧𝐞 𝐃𝐫𝐨𝐧𝐞


၅။ ကိုယ်ရှာဖွေလိုတဲ့ အကြောင်းအရာရဲ့ စာလုံးပေါင်းကို မသိဘူးဆိုရင် "*" ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။


ဥပမာ။ 𝐞𝐥𝐞𝐜𝐭𝐫𝐨𝐧𝐢*𝐬


၆။ ရှာဖွေမှုရလဒ်မှာ ကိုယ်ရှာချင်တာကို ရေးထားတဲ့အတိုင်း အတိအကျရှာဖွေဖို့အတွက် ဆိုရင်တော့ " " ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။


ဥပမာ။ “𝐈 𝐚𝐦 𝐬𝐭𝐮𝐝𝐞𝐧𝐭”


၇။ 𝐆𝐨𝐨𝐠𝐥𝐞 မှာ 𝐆𝐫𝐚𝐩𝐡 ရေးဆွဲလိုပါက ကိုယ်ရေးဆွဲမည့် 𝐆𝐫𝐚𝐩𝐡 ၏ ညီမျှခြင်းကို ရိုက်ထည့်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်သည်။


ဥပမာ။ 𝐲=𝐱^𝟐+𝟔𝐱+𝟗


၈။ 𝐖𝐞𝐛𝐬𝐢𝐭𝐞 တစ်ခုကနေ မိမိရှာဖွေလိုတာကို 𝐆𝐨𝐨𝐠𝐥𝐞 အသုံးပြုပြီး ရှာဖွေဖို့ဆိုရင် 𝐬𝐢𝐭𝐞:𝐞𝐚𝐬𝐲 𝐝𝐞𝐯𝐛𝐨𝐚𝐫𝐝𝐬.𝐜𝐨𝐦 𝐁𝐥𝐮𝐞𝐭𝐨𝐨𝐭𝐡 ဟု ရိုက်ထည့်ပြီး ရှာဖွေနိုင်မည် ဖြစ်သည်။


၉။ အင်တာနက် ဆက်သွယ်မှု မရှိစဉ် ယခင်ရှာဖွေထားသည့် ရှိပြီး 𝐂𝐚𝐜𝐡𝐞 များကို ပြန်လည်ကြည့်ရှုလိုပါက 𝐜𝐚𝐜𝐡𝐞: ကို ခံပြီးရှာဖွေနိုင်မည် ဖြစ်ပါသည်။


ဥပမာ။ 𝐜𝐚𝐜𝐡𝐞:𝐞𝐚𝐬𝐲𝐝𝐞𝐯𝐛𝐨𝐚𝐫𝐝𝐬.𝐜𝐨𝐦


𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐆𝐨𝐨𝐠𝐥𝐞 𝐖𝐞𝐛 𝐒𝐞𝐚𝐫𝐜𝐡


ရှာဖွေခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ နောက်ထပ်မံပြီး 𝐖𝐞𝐛𝐩𝐚𝐠𝐞 များတွင် ရှာဖွေခြင်းနှင့် ပတ်သက်သည့်


အချက်အလက်များကို သိရှိထားရန် လိုအပ်ပေသည်။


စကားလုံးတိုင်းသည် ရှာဖွေမှုတိုင်းတွင် အရေးပါသည်ကို သတိပြုပါ။ 𝐰𝐡𝐨, 𝐭𝐡𝐞 𝐰𝐡𝐨, 𝐚 𝐰𝐡𝐨 သုံးမျိုးကို ရှာဖွေကြည့်ပါက


ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။


အကြောင်းအရာများကို ရှာဖွေရာတွင် စကားလုံး ရှေ့နောက်အထားအသိုသည်လည်း မှန်ကန်ရန် လိုအပ်ပါသည်။


ဥပမာအားဖြင့် 𝐛𝐥𝐮𝐞 𝐬𝐤𝐲, 𝐬𝐤𝐲 𝐛𝐥𝐮𝐞 အထားအသို နှစ်ခုအပေါ်တွင် ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။


မိမိရှာဖွေလိုသည့် စကားလုံးများကို စာလုံးအကြီးဖြင့်ဖြစ်စေ၊ စာလုံးအသေးဖြင့်ဖြစ်စေ ရေးသားနိုင်ပါသည်။ ရလဒ်ကွဲပြားမှု မရှိနိုင်ပါ။


𝐜𝐨𝐦𝐦𝐚 (,) ကဲ့သို့သော စာလုံးများကို မည်သို့ပင် ထည့်သွင်းစေကာမူ အရေးမကြီးလှပေ။


သို့သော် အချို့သော 𝐂#, 𝐂++, 𝐆𝐨𝐨𝐠𝐥𝐞+ စသည်ဖြင့် 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠 𝐥𝐚𝐧𝐠𝐮𝐚𝐠𝐞 အမည်များ နောက်တွင် တွဲလျက်ပါသည့်


# သို့မဟုတ် + စသည်တို့မှာ အရေးပါသည်ကို သတိပြုရန် လိုအပ်ပေသည်။


ရံဖန်ရံခါ မိမိရှာဖွေသည့် အချက်အလက်များကို မတွေ့ဘဲ လည်နေခြင်းမျိုး ကြုံလာပါက 𝐊𝐞𝐲𝐰𝐨𝐫𝐝 လွဲမှားခြင်းကြောင့် ဖြစ်နိုင်ပါသည်။ 𝐊𝐞𝐲𝐰𝐨𝐫𝐝 ကို ပြောင်းလဲရှာဖွေ ကြည့်နိုင်ပါသည်။


ရှာဖွေမှုရလဒ်များ


တစ်စုံတစ်ခုကို ရှာဖွေမည်ဆိုပါက ကြော်ငြာများကိုလည်း ရလဒ်များတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။


အဓိက မိမိရှာဖွေသည့် ရလဒ်အဖြေကိုသာ တိုက်ရိုက်ဖတ်ရှုဖို့ လိုအပ်မည် ဖြစ်ပါသည်။ 𝐒𝐞𝐚𝐫𝐜𝐡 𝐁𝐚𝐫 ၏ အောက်ဘက်ရှိ 𝐅𝐢𝐥𝐭𝐞𝐫 တွင်


𝐖𝐞𝐛, 𝐢𝐦𝐚𝐠𝐞, 𝐦𝐚𝐩𝐬, 𝐬𝐡𝐨𝐩𝐩𝐢𝐧𝐠 စသည်ဖြင့် မိမိလိုအပ်သည့်အရာကို ရွေးချယ်နိုင်ပါသည်။ ပုံများကိုသာ ရှာဖွေလိုပါက 𝐢𝐦𝐚𝐠𝐞 ကို


ရွေးချယ်နိုင်ပါသည်။ ရှာဖွေသည့် စကားလုံးကလည်း အတိအကျရှိမည်၊ 𝐆𝐨𝐨𝐠𝐥𝐞 ဘက်ကလည်း ရလဒ်ရှိမည် ဆိုပါက 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞


အနေနှင့် ဘေးဘက်တွင် သီးခြားပြသထားခြင်းမျိုးလည်း ရှိပါသည်။ အထူးသဖြင့် နေရာများကို ရှာဖွေရာတွင် သီးခြားပြသမှုများကို


မြင်တွေ့ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။


𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐒𝐞𝐚𝐫𝐜𝐡𝐢𝐧𝐠


𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐒𝐞𝐚𝐫𝐜𝐡𝐢𝐧𝐠 ကို နည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။


၁။ 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐒𝐞𝐚𝐫𝐜𝐡 𝐩𝐚𝐠𝐞


ဒီနေရာမှာ ပုံတွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ 𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐠𝐨𝐨𝐠𝐥𝐞.𝐜𝐨𝐦/𝐚𝐝𝐯𝐚𝐧𝐜𝐞𝐝_𝐢𝐦𝐚𝐠𝐞_𝐬𝐞𝐚𝐫𝐜𝐡 တွင် ရှာဖွေနိုင်မည် ဖြစ်ပြီး၊ 𝐖𝐞𝐛𝐬𝐢𝐭𝐞 တွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ 𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐠𝐨𝐨𝐠𝐥𝐞.𝐜𝐨𝐦/𝐚𝐝𝐯𝐚𝐧𝐜𝐞𝐝_𝐬𝐞𝐚𝐫𝐜𝐡 တွင် ရှာဖွေနိုင်မည် ဖြစ်ပါသည်။


၂။ ဒုတိယ နည်းလမ်းတစ်ခု အနေနှင့် 𝐎𝐩𝐞𝐫𝐚𝐭𝐨𝐫 များကို အသုံးပြုပြီးလည်း ရှာဖွေနိုင်မည် ဖြစ်ပါသည်။ 𝐎𝐩𝐞𝐫𝐚𝐭𝐨𝐫 𝐋𝐢𝐬𝐭 များကို 𝐡𝐭𝐭𝐩𝐬://𝐬𝐮𝐩𝐩𝐨𝐫𝐭.𝐠𝐨𝐨𝐠𝐥𝐞.𝐜𝐨𝐦/𝐰𝐞𝐛𝐬𝐞𝐚𝐫𝐜𝐡/𝐚𝐧𝐬𝐰𝐞𝐫/𝟐𝟒𝟔𝟔𝟒𝟑𝟑 ဤလင့်ခ်တွင် ကြည့်ရှုနိုင်မည် ဖြစ်ပြီး 𝐎𝐩𝐞𝐫𝐚𝐭𝐨𝐫 များ အကြောင်းကို အထက်တွင် 𝐓𝐢𝐩𝐬 𝐚𝐧𝐝 𝐓𝐫𝐢𝐜𝐤𝐬 အနေနှင့် ဖော်ပြပြီး ဖြစ်ပါသည်။


စာအုပ်များ ရှာဖွေခြင်း


မိမိဖတ်ရှုလိုတဲ့ စာအုပ်တွေကို ရှာဖွေမည် ဆိုပါက 𝐆𝐨𝐨𝐠𝐥𝐞 𝐁𝐨𝐨𝐤 မှတစ်ဆင့် ရှာဖွေပါက အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ ယင်းအပြင် 𝐆𝐨𝐨𝐠𝐥𝐞 𝐁𝐨𝐨𝐤 တွင် စာအုပ်တစ်အုပ်လုံးကို မဟုတ်သော်လည်း အချို့အစိတ်အပိုင်းများကို နမူနာဖတ်ရှုခွင့် ပေးထားသည့်အတွက် စာအုပ်ရှာဖွေ ဒေါင်းလုပ်ရယူမည့်သူများ အတွက် အထူးပင် အဆင်ပြေစေနိုင်မည် ဖြစ်ပါသည်။


𝐡𝐭𝐭𝐩𝐬://𝐛𝐨𝐨𝐤𝐬.𝐠𝐨𝐨𝐠𝐥𝐞.𝐜𝐨𝐦/ တွင် စာအုပ်များကို ရှာဖွေနိုင်မည် ဖြစ်ပါသည်။


နမူနာအနေနှင့် 𝐖𝐢𝐫𝐞𝐥𝐞𝐬𝐬 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 နှင့် ပတ်သက်သည့် စာအုပ်စာတန်းများ ရှာဖွေလိုပါက အထက်ပါလင့်ခ်တွင် 𝐖𝐢𝐫𝐞𝐥𝐞𝐬𝐬


𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 ဟု ရိုက်ထည့်ပြီး ရှာဖွေပါက စာအုပ်စာတမ်းများ ကျလာမည် ဖြစ်သည်။ ယင်းစာအုပ်များ၏ လင့်ခ်တွင်


“𝐡𝐭𝐭𝐩𝐬://𝐛𝐨𝐨𝐤𝐬.𝐠𝐨𝐨𝐠𝐥𝐞.𝐜𝐨𝐦/𝐛𝐨𝐨𝐤𝐬?𝐢𝐬𝐛𝐧=_______” ဟု ဖော်ပြထားမည် ဖြစ်သည်။ ယင်းကွက်လပ်နေရာတွင် ဂဏန်းများပါရှိမည် ဖြစ်ပြီး


ယင်းနံပါတ်များသည် အပြည်ပြည်ဆိုင်ရာသုံး စာအုပ်နံပါတ် (𝐈𝐒𝐁𝐍) ဖြစ်သည်။


အကယ်၍ မိတ်ဆွေ၊ သူငယ်ချင်းများက စာအုပ်တစ်အုပ်ကို ညွှန်းပါက 𝐈𝐒𝐁𝐍 ကို ကွက်လပ်နေရာမှာ ရိုက်ထည့်ပြီး အလွယ်တကူ


ရှာဖွေနိုင်မည် ဖြစ်ပါသည်။


𝐈𝐒𝐁𝐍နံပါတ်တွေကို စာအုပ်တွေရဲ့ ရှေ့ဆုံးစာ မျက်နှာမှာလည်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။


စာအုပ်များကို ဖတ်ရှုပြီးပါကလည်း စာအုပ်ကို မိမိ 𝐋𝐢𝐛𝐫𝐚𝐫𝐲 တွင် သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ 𝐆𝐨𝐨𝐠𝐥𝐞 𝐀𝐜𝐜𝐨𝐮𝐧𝐭 လိုအပ်မည်


ဖြစ်သော်လည်း ကျောင်းသားအများစုက 𝐠𝐦𝐚𝐢𝐥 အသုံးပြုတာကြောင့် 𝐆𝐨𝐨𝐠𝐥𝐞 𝐀𝐜𝐜𝐨𝐮𝐧𝐭 ရှိပြီး ဖြစ်ပေလိမ့်မည်။


𝐋𝐢𝐛𝐫𝐚𝐫𝐲 အတွင်း သိမ်းဆည်းထားခြင်းဖြင့် မိမိဖတ်ရှုပြီး စာအုပ်များကို မှတ်သားထားနိုင်ပြီး ဖတ်ရှုရန် လိုအပ်သည့် စာအုပ်များကိုလည်း အ

လွယ်တကူ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။


အထက်ပါအချက်များကို 𝐆𝐨𝐨𝐠𝐥𝐞 မှာ လေ့လာရှာဖွေမည့် ကျောင်းသူ/သားများအတွက် အထောက်အကူဖြစ်ရန်အတွက် အသုံးများသောအချက်များကို ဖော်ပြလိုက်ရပါသည်။ တကယ်တော့ 𝐆𝐨𝐨𝐠𝐥𝐞 𝐒𝐄 ကသင်တို့ထင်တာထက် အများကြီးကျယ်ပြန့်ပါတယ်။




Comments

Popular posts from this blog

How to Become a Hacker ? ဟက်ကာတစ်ယောက်ဘယ်လိုဖြစ်လာနိုင်လည်း

" Computer စက်ရှင်းနည်း "

Myanmar Computer Basic 2