NUMBER

 Number



Number က JavaScript Data type တစ်မျိုးဖြစ်ပြီး primitive data type အမျိုးစားဖြစ်ပါတယ်။

Integer , float, hexadecimal , octal စသည့် အကုန်းလုံးက number data types တွေပဲဖြစ်ပါတယ်။

Example

let integer = 12 ; // (0,1,2,...9)

let float = 0.23; // 0.23

let hex = 0xf; // 15

let octal = 030; // 24

ဒီမှာဆိုရင် logs ထုတ်ကြည့်ရင် ပထမ integer ကို ထုတ်တဲ့အခါ 12 ဆိုပြီး ရိုးရိုး integer value ကို ထုတ်ပေးပါ လိမ့်မယ် ။ ဒုတိယ float ကို logs လုပ်ရင် ဒသမ တန်ဖိုးဖြစ်တဲ့ 0.23 ဆိုပြီး ရပါလိမ့်မယ်။ တတိယ ဖြစ်တဲ့ hex ကို logs လုပ်ရင် hexadecimal တန်ဖိုးကို ပြောင်းထုတ်ပေးတဲ့အတွက် 15 ဆိုပြီး integer value ရပါလိမ့်မယ်။

ဒီနေရာ မှတ်စရာတစ်ခုရှိတာက 0x နဲ့ စရင် JavaScript က hexadecimal value လို့ သတ်မှတ်ပါတယ်။

octal ကို logs လုပ်ရင် octal value ပြောင်းသွားတဲ့အတွက် 24 ဆိုပြီးတော့ integer value ရပါလိမ့်မယ်။

နောက်ပိုင်မှာ hexadecimal နဲ့ octal အကြောင်းကို ရှင်းပြပါမယ့် ။

ဒီမှာမှတ်စရာတစ်ခုရှိပါတယ်။ number data type နဲ့ variable တစ်ခုတည်ဆောက်မယ်ဆိုရင် ပထမဆုံး character က integer ဖြစ်ရပါမယ် ၊ ပြီးတော့ သူတို့ကို double quote or single quote အတွင်းမှာ မရေးရပါဘူး။ အကယ်၍ number တစ်ခုကို double quote or single quote ထဲမှာ ရေးရင် သူက number data type မဟုတ်ဘဲ string data type ဖြစ်သွားပါတယ်။

Example

let num1 = 12;

console.log(typeof num1) // number

let num2 = 12;

console.log(typeof num2) // string

ဒီမှာဆိုရင် num1 variable ကို typeof နဲ့ logs လုပ်တဲ့အခါ num1 variable ရဲ့ data type ကို number ဆိုပြီး ရပါတယ်။ num2 variable ကို typeof နဲ့ logs လုပ်တဲ့အခါ သူရဲ့ value ကို double quote နဲ့ initialized လုပ်ထားတာကြောင့် data type ကို string ဆိုပြီး ရပါတယ်။

let num = abc;

console.log(num) // ReferenceError: abc is not defined

အကယ်၍ text ကို လည်း double quote or single quote မပါဘဲ ရေးရင် reference error တက်ပါတယ်။

နောက်ပြီး မှတ်စရာလေးတွေရှိပါတယ် ။ number data type မှာ Number ဆိုပြီးတော့ object ရှိပါတယ်။ object အကြောင်းကို နောက်ပိုင်းမှာ ရှင်းပြပါမယ်။ ဒါကြောင့် အဲ့ဒီ Number object မှာ properties တွေရှိပါတယ်။

MAX_VALUE , MIN_VALUE , NEGATIVE_INFINITY , NaN , POSITIVE_INFINITY ရယ်ဆိုပြီးတော့ ရှိပါတယ် ။

MAX_VALUE ဆိုတာ JavaScript က support လုပ်ပေးတဲ့ အကြီးဆုံး maximum number value ဖြစ်ပါတယ်။

အဲ့ထက်ကြီးတဲ့ number ကို output ထုတ်ရင် Infinity ဖြစ်သွားပါတယ်။

Example

let num1 = Number.MAX_VALUE;

let num2 = num1 * 10;

console.log(num1);

console.log(num2);

ဒီမှာ ဆိုရင် num1 variable ထဲမှာ Number.MAX_VALUE ဆိုပြီး dot notation နဲ့ အကြီးဆုံး maximum number value ကို ထည့်ထားပါတယ်။ ဒါကြောင့် logs လုပ်တဲ့အခါ အကြီးဆုံး number ဖြစ်တဲ့ 1.7976931348623157e+308 ကိုရပါတယ်။ num2 vairable ထဲမှာ maximum number value ထက်ကြီးတဲ့ value ထည့်ထားတာကြောင့် logs လုပ်တဲ့အခါ Infinity ဆိုပြီးရပါတယ်။

MIN_VALUE ဆိုတာ JavaScript က support လုပ်ပေးတဲ့ အငယ်ဆုံး minimum number value ဖြစ်ပါတယ်။

console.log(Number.MIN_VALUE) // 5e-324

ဒီမှာဆိုရင် logs လုပ်ကြည့်တဲ့အခါ 5e-324 ဆိုပြီးတော့ JavaScript က support ပေးနိုင်တဲ့ အငယ်ဆုံး number ရပါလိမ့်မယ်။

console.log(Number.NEGATIVE_INFINITY) // -Infinity

ဒီမှာ ဆိုရင် -Infinity ဆိုပြီးတော့ရပါတယ်။ -Infinity အငယ်ဆုံး ထက် ပိုငယ်ပါတယ်။

console.log(Number.POSITIVE_INFINITY) // Infinity

ဒီမှာ ဆိုရင် Infinity ဆိုပြီးရပါတယ်။ သူက Infinity နဲ့တူတူပါပဲ။

NaN ရဲ့ အဓိပ်ပါယျက Not a Number ဖြစ်ပါတယ်။ ဒါပေမဲ့ သူရဲ့ type ကို logs လုပ်ကြည့်တဲ့ အခါ number လို့ရပါတယ်။

console.log( typeof NaN); // number

ဒါကြောင့် JavaScript ရဲ့ number data types က integer, float, hexadecimal, decimal, exponential နဲ့ octal values စတဲ့ numeric values တွေပါဝင်ပါတယ်။ နောက်ပြီးတော့ Number type မှာ Number ရဲ့ properties တွေအဖြစ် MAX_VALUE , MIN_VALUE , NEGATIVE_INFINITY , NaN , POSITIVE_INFINITY တွေပါဝင်ပါတယ်။



Comments

Popular posts from this blog

How to Become a Hacker ? ဟက်ကာတစ်ယောက်ဘယ်လိုဖြစ်လာနိုင်လည်း

" Computer စက်ရှင်းနည်း "

Myanmar Computer Basic 2