OBJECT

 Object



Object က JavaScript ရဲ့ data type တစ်ခုဖြစ်ပြီးတော့ non-primitive data type ဖြစ်ပါတယ်။ Object တစ်ခုဆိုတာ properties တွေကိုစုထားတဲ့ collection တစ်ခုဖြစ်ပါတယ်။ အဲ့ဒီ property တစ်ခုခြင်းစီမှာ name (or key) နဲ့ value ဆိုပြီး ရှိပါတယ် ။ အဲ့ဒီ value က number,string, array , function ( object ထဲက function ကို method လို့ခေါ်ပါတယ်) တွေဖြစ်နိုင်ပါတယ်။ တစ်ခြား data types တွေနဲ့ မတူတဲ့အချက်က object က value တွေကို တစ်ခုတည်းမဟုတ်ဘဲ values အများကြီးကို properties အနေနဲ့ hold လုပ်နိုင်ခြင်းဖြစ်ပါတယ်။

လက်တွေ့ ဥပမာတစ်ခုနဲ့ နှိုင်းယှဥ်ကြည့်ကြပါစို့ ။ car တစ်စီးရှိတယ်ဆိုပါစို့။ car က object တစ်ခုဆိုပါစို့ ။ သူ့ရဲ့ color ၊ သူ့ရဲ့model ၊ သူရဲ့ price ဒါတွေဟာသူ့ရဲ့ properties တွေပါ။ အခြား properties တွေလည်းအများကြီးရှိနိုင်ပါတယ်။

myLaptop ဆိုတဲ့ object တစ်ခုတည်ဆောက်ပါမယ်။ သူရဲ့ properties name တွေကို color ရယ် model ရယ် os ရယ်ရှိတယ်ဆိုပါစို့။

Example

let myLaptop = new Object();

myLaptop.color = 'black';

myLaptop.model = 'Dell';

myLaptop.os = "windows 10";

console.log(myLaptop.model); //Dell

ဒီလိုဆို myLaptop ဆိုတဲ့ object တစ်ခုတည်ဆောက်ပြီးပါပြီ။ သူ့ရဲ့ properties တွေကို dot notation ရဲ့ရေးထားပါတယ်။ အရင်ဆုံး object name နောက် ၎င်းရဲ့ property name ပြီးတော့ = နဲ့ property ရဲ့ value ပါ။ အဲ့ဒီ object ရဲ properties တွေကို ပြန်ခေါ်သုံးချင်တယ်ဆိုရင် object name ပြီးတော့ သူ့နောက်မှာ ပြန်ခေါ်သုံးချင်တဲ့ property name (or key) လိုက်ပါတယ်။ အဲ့ဒါကြောင့် myLaptop.model လို့ပြန်ခေါ်လိုက်တဲ့အခါ Dell ဆိုပြီးထွက်လာပါတယ်။

Example

let myLaptop = new Object();

myLaptop['color'] = 'black';

myLaptop['model']= 'Dell';

myLaptop['os'] = "windows 10";

console.log(myLaptop.os); // windows 10

ဒါက square bracket notation နဲ့ object တည်ဆောက်ခြင်းဖြစ်ပါတယ်။ object name နောက်မှာ square bracket လိုက်ပြီးသူ့ထဲမှာ properties name တွေကို string ပုံစံနဲ့ single quotes or double quotes နဲ့ရေးပါတယ်။ user ရဲ့ property တွေကို ပြန်သုံးချင်တဲ့အခါ အပေါ် က လိုပဲ object name ပြီးတော့ ခေါ်သုံးချင်တဲ့ property’s name ပါ။အဲ့ဒါဆို properties ရဲ့ value တွေရပါပြီ။ အဲ့ဒါကြောင့် myLaptop.os လို့ပြန်ခေါ်လိုက်တဲ့အခါ windows 10 ဆိုပြီးထွက်လာပါတယ်။ဒီလိုမျိုး new keyword နဲ့ Object() ခေါ်ပြီးဆောက်တာကို Object constructor လို့ခေါ်ပါတယ်။ နောက်ပိုင်းမှာ new keyword နဲ့ သူရဲ့ အလုပ်လုပ်ပုံကိုရှင်းပြပါ့မယ်။

Object Literal

Object ကို ယခုအခါမှာ object literal ပုံစံနဲ့အသုံးများလာပါတယ်။ object literal ဆိုတာ names(keys) values အတွဲလိုက်ကို {}(curly braces) ထဲမှာ ထည့်သွင်းရေးထာတဲ့ပုံစံကိုဆိုလိုတာပါ။

Example

let user = {

name :"Mg Mg",

email : "mgmg123@gmail.com",

age :21,

married:false,

location: "Yangon",

family:["U Ba","Daw Mya","Hla Hla"]

}

console.log(user.name,user.age);// "Mg Mg" , 21

ဒီမှာဆိုရင် user ဆိုတဲ့ object လေးတစ်ခုရှိပါတယ်။ user ရဲ့ properties တွေကို {}( curly braces ) ထဲမှာရေးပါတယ်။ properties(property name and value or key and value ) တစ်ခုပြီးတိုင်းမှာ ‘,’ ခံ ပါတယ်။ user ရဲ့ property တွေကို ပြန်သုံးချင်ရင် အပေါ် က လိုပဲ object name ပြီးတော့ ခေါ်သုံးချင်တဲ့ property’s name ပါ။အဲ့ဒါဆို properties ရဲ့ value တွေရပါပြီ။

ဒါက object တည်ဆောက်ပုံအခြေခံဖြစ်ပါတယ်။

ဒါကြောင့် Object တစ်ခုတည်ဆောက်မယ်ဆိုရင် နည်း ၂ နည်းရှိပါတယ်။ new keyword နဲ့ Object Constructor(Object()) ကိုသုံးပြီးတည်ဆောက်တဲ့နည်းနဲ့ {}(curly braces) ထဲမှာ key value အတွဲနဲ့ တည်ဆောက်တဲ့နည်းပဲဖြစ်ပါတယ်။


Comments

Popular posts from this blog

How to Become a Hacker ? ဟက်ကာတစ်ယောက်ဘယ်လိုဖြစ်လာနိုင်လည်း

" Computer စက်ရှင်းနည်း "

Myanmar Computer Basic 2