So Stay at Home, Happy Coding
Programming Languages are just the tools
Programming Languages တွေကို ကား (Car) နဲ့ နှိုင်းကြည့်ရအောင်။
Programming Languages အမြောက်အများရှိသလို ကား မှာလည်း အမျိုးအစား အမျိုးမျိုးရှိပါတယ်။
သင်ဟာ ကား အမျိုးအစားများစွာထဲမှ Honda Manual ကားကို မောင်းတက်တယ်ဆိုရင် တခြား မည့်သည့်ကားကို မဆို အချိန်ခဏယူလျှင် မောင်းတက်မှာ သေချာပါတယ်။
ဒီလိုပါဘဲ Javascript, PHP စသည့် Programming Language တစ်ခုခုကို နာလည်ပြီး သုံးနိုင်တယ်ဆိုရင် အခြား languages တွေကို သင်ယူရတာ အခက်အခဲရှိတော့မှာ မဟုတ်ပါ။ အချိန်ခဏတော့ ပေးရမှာပေါ့ နော််။
Programming Languages တွေဆိုတာ ကိုယ်လုပ်ချင်တဲ့ Web, App Project တွေကို အကောင်အထည်ဖော်််််််််ဖို့ရန် သုံးရသော Tools မျှသာဖြစ်ပါတယ်။
Client တစ်ယောက်အတွက် Web or App လုပ်ပေးရတယ်ဆိုပါစို့။ Client က ဘာ Language သုံးပြီး လုပ်ထားပါတယ်ဆိုတာကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ သူလိုချင်တဲ့ ပုံစံ system အတိုင်း ရဖို့အတွက်ဘဲ စိတ်ဝင်စားမှာပါ။
ပြီးတော့ ယနေ့ popular ဖြစ်နေတဲ့ language က နောက်နှစ်များတွေမှာ သုံးဖို့ အဆင်ပြေနေပါအုံးမလား? သူ့ထက်ပိုကောင်းတဲ့ Language တွေ မထွက်လာနိုင်ဘူးလို့ ပြောလို့မှမရတာ။
ဆိုတော့ခါ ဘာအသစ်တွေဘဲလာလာ သင်ဟာ Language တစ်ခုကို ရထားတယ်ဆိုရင် တခြား Language တွေ လေ့လာသင်ယူဖို့ရန်အတွက် အခက်အခဲရှိတော့မည်မဟုတ်ပါ။ အချိန်တစ်ခုတော့ ခဏပေးရမှာပေါ့။
So Stay at Home, Happy Coding
-----------------------------------
Comments
Post a Comment