STRING
STRING
JavaScript မှာ Data Types ကို ခွဲကြည့်ရင် primitive data types နဲ့ non-primitive data types နဲ့ဆိုပြီး နှစ်မျိုးရှိပါတယ်။ primitive data types ဆိုတာ object လည်းမဟုတ် methods တွေမရှိတဲ့ data type မျိုးကို ဆိုလိုပါတယ်(by MDN) ။ String , Number , Boolean , null ,undefined , Symbol က primitive data types ဖြစ်ပြီး Object Reference ဖြစ်တဲ့ array , function , objects တွေက non-primitive data types တွေဖြစ်ပါတယ်။
နောက်ပြီး primitive data types တွေက immutable ဖြစ်ပြီး non-primitive data types တွေက mutable ဖြစ်ပါတယ် ။ ဒါကို နောက်မှ သေခြာ ထပ်ရှင်းပြပါ့မယ်။
JavaScript က dynamic or loosely-typed language ဖြစ်ပါတယ်။ loosely-typed language ဆိုတာ variable တစ်ခု တည်ဆောက်တဲ့အခါ ဒီ variable က ဘာ data type ဖြစ်တယ်ဆိုတာကို (number ဖြစ်ကြောင်း ၊ string ဖြစ်ကြောင်းစသဖြင့စသဖြင့်) declare လုပ်ပေးစရာ မလိုပါဘူး ။ variable တစ်ခု (var or let or const ) key တစ်ခုခုသုံးပြီး declare လုပ်ပြီး value initialized လုပ်လိုက်တဲ့အခါ အဲ့ဒီ value ကို JavaScript က ဘာ data type ဖြစ်ကြောင်း သူ့အလိုလို သတ်မှတ် ပါတယ်။ အဲ့လို valueကို ဘာ data type ဖြစ်ကြောင်း အလိုအလျောက် သတ်မှတ်တာကို dynamic ဖြစ်တယ်လို့ ဆိုလိုပါတယ်။
String
String က JavaScript ရဲ့ data type တစ်မျိုး ဖြစ်ပြီး primitive data type အမျိုးစားဖြစ်ပါတယ်။ string ဆိုတာ စာသား “text” တွေကိုဆိုလိုပါတယ်။ string ကို double quote(“ ”) or single quote (‘ ’) ထဲမှာ ရေးရပါတယ်။
ဒီလိုပါ။
“Hello World”
‘Hello world’
String value ရှိတဲ့ variable တည်ဆောက်ပါမယ်။
let str = “hello world”;
console.log(str); // hello world
ဒီလိုဆိုရင် string type ဖြစ်တဲ့ hello world ဆိုပြီးတော့ ထွက်လာပါလိမ့်မယ် ။ str ဆိုတဲ့ variable က ဘာ data type ဖြစ်ကြောင်း စစ်ချင်ရင် ဒီလိုစစ် လို့ရပါတယ် ။
console.log(typeof str , str) ; // string hello world
ဒီလိုဆိုရင် string hello world ဆိုပြီး ရပါလိမ့်မယ်။ ဒီမှာဆိုရင် typeof ဆိုပြီး str variable က ဘာ data type ဖြစ်ကြောင်း စစ်ထားတဲ့အတွက် string ဆိုပြီး ပေါ်လာပြီး ‘,’ ခံပြီး str variable ကို ထပ် logs လုပ်ထားတဲ့အတွက် နောက်က hello world ပါ ထွက်လာပါတယ်။
နောက်ထပ် string value ထဲမှာ double quote(“”) or single quote(‘’) ကို ထည့်ပြီး ရေးလို့ရပါတယ်။
ဒီလိုပါ။
let name1 = “My name is ‘Mg Mg’ “;
let name2 = ‘My name is “Mya Mya” ’;
console.log(name1) // My name is ‘Mg Mg’;
console.log(name2) // My name is “Mya Mya”;
ဒီမှာဆိုရင် ပထမ logs က Mg name is ‘Mg Mg’ ဆိုပြီးတော့ နာမည်ကို single quote လေးထဲ ဖြစ်နေပါလိမ့်မယ် ။ အကယ်၍ string value ကို double quote(“”) နဲ့ ရေးတဲ့ အခါ သူထဲမှာ quote ထပ်ထည့်ရေးချင်ရင် single quote(‘’) ရေးရပါတယ် ။ အကယ်၍ string value ကို single quote(‘’) နဲ့ရေးတဲ့အခါ သူ့ထဲမျာ quoteထည့်ချင်ရင် double quote(“”) နဲ့ရေးရပါတယ်။
ဒီလို string value ထဲမှာပဲ double quote(“”) or single quote(‘’) ထည့် ရေးတာကို နောက်တစ်မျိုးရေးလို့ပါတယ်။
ဒီလိုပါ။
let name1 = “My name is \” Mg Mg \” “;
console.log(name1) ; //My name is “Mg Mg”
ဒီမှာဆိုရင် logs လုပ်ကြည့်တဲ့အခါ My name is “Mg Mg” ဆိုပြီးတော့ရပါတယ်။ string value တွေထဲမှာ single quote(‘’) or double quote(“”) ပြန်ထည့်ချင်တဲအခါ backward slash(\) ကိုလည်း အသုံးပြုလို့ရပါတယ်။
နောက်ပြီး string တစ်ခုနဲ့ တစ်ခု ပေါင်းရေးချင်တဲ့အခါ concatenated sign ‘+’ ကို အသုံးပြုပါတယ်။
ဒီလိုပါ။
let str = “Hello” + ‘world’;
console.log(str); // Hello world
ဒီလိုဆိုရင် “Hello” နဲ့ ‘world’ နဲ့က string တစ်ကြောင်းထဲ ဖြစ်သွားပြီး Hello world ဆိုပြီး ထွက်လာပါလိမ့်မယ်။ string variable နှစ်ခုတည်ဆောက်ပြီး တစ်ခုတည်းဖြစ်အောင် ‘+’ နဲ့ ပြန်ထုတ်လို့ရပါတယ် ။
let str1 = “Hello”;
let str2 = ‘world’;
console.log(str1 + str2) ; // Hello world
နောက်ပြီး string variable တစ်ခုကို 0 based ဖြစ်တဲ့ character array အဖြစ်လည်းအသုံးပြုလို့ရပါတယ်။
let str = “Hello world”;
console.log(str[0]);
console.log(str.length);
ဒီလိုဆိုရင် strရဲ့ ပထဆုံး character ဖြစ်တဲ့ H ဆိုပြီး ရပါလိမ့်မယ်။ နောက် ပြီး str variable ရဲ့ length ကို ထုတ်ကြည့်တဲအခါ 11 ဆိုပြီး ရပါလိမ့်မယ်။
ဒါကြောင့် string ကို ရေးရင်
double quote(“”) or single quote(‘’) ထဲမှာ ရေးရပါမယ်။
string တစ်ခုနဲ့ တစ်ခု စက် ချင်တဲ့အခါ ‘+’ ကို အသုံးပြုပါတယ် ။
string ထဲမှာ double quote(“”) or single quote(‘’) ထည့်ချင်တဲ့အခါ ‘\’ ကို အသုံးပြုပါတယ်။
နောက်ပြီး string ကို character array အဖြစ်လည်းအသုံးပြုလို့ရပါတယ်။
Comments
Post a Comment