Posts

CMD

Image
 ကွန်ပျူတာ Run Box နှင့် CMD အကြောင်း ကျွန်တော်တင်ခဲ့တဲ့ပို့စ်တစ်ချို့မှာ ကျင့်သားရသွားအောင်  Run command, Cmd အသုံးပြုရတာတွေ ထည့်ရေးလေ့ရှိပါတယ်။  ဒါပေမယ့် တစ်ချို့ကွန်ပျူတာစအသုံးပြုတဲ့သူတွေကျတော့ cmd, run box ဆိုတာ ဘာမှန်းမသိသေးဘူး။ ဘယ်လိုဖွင့်ရမှန်းလည်း သူတို့မသိသေးပါဘူး။ အဲ့တာကြောင့် ကွန်ပျူတာစတင်လေ့လာအသုံးပြုနေသူတွေအတွက် Cmd, Run box အသုံးပြုနည်းအကြောင်းကို နည်းနည်းပြောပြချင်ပါတယ်။ Run box ကိုဖွင့်မယ်ဆိုရင် Windows Key နဲ့R ကို တွဲနှိပ်လိုက်ပါ။ ဒါမှမဟုတ် Search box မှာ Run လို့ ရိုက်ရှာလိုက်ပါ။ Run box ကို သုံးတာက ဘာနဲ့တူသလဲဆိုတော့ သူဌေးနဲ့သာမန်လူတန်းစားလိုပါပဲ။ သူဌေးက ရန်ကုန်သွားချင်တယ်ဆိုရင် လေယာဉ်စီးပြီး နာရီပိုင်းအတွင်း အရောက်သွားနိုင်ပေမယ့် သာမန်လူတန်းစာတွေ ပိုက်ဆံမတတ်နိုင်လို့သို့မဟုတ် ပိုက်ဆံကို မျှသုံးနေရလို့ ရထားနဲ့ပဲ ရန်ကုန်သွားသလိုပါပဲ။ ကွန်ပျူတာမှာလည်း ဆရာကျကျ၊ Pro ကျကျ ကွန်ပျူတာအသုံးပြုသူတွေက Keyboard ကို တစ်ချက်နှစ်လောက် ရိုက်လိုက်တာနဲ့ကိုယ်ဖွင့်ချင်တဲ့ program က တန်းဖွင့်နေပြီးသား။ ကွန်ပျူတာသိပ်မသုံးတတ်သေးတဲ့ သူတွေဆိုရင် Notepad လေးဖွင့်နိုင်ဖို့အရေး St...

How to Become a Hacker ? ဟက်ကာတစ်ယောက်ဘယ်လိုဖြစ်လာနိုင်လည်း

Image
Hacker ဖြစ်ချင်သူ ဖြတ်သန်းရမဲ့ ခရီးရှည် Hacking ကို Self-Study လုပ်ပြီးသင်ယူနိုင်မလား?  သင်ယူနိုင်ပါတယ်။ တိတိကျကျပြောရရင် တစ်ကမ္ဘာလုံးမှာရှိနေတဲ့ Hacker တွေတော်တော်များများက Hacking ကို Self-study လုပ်ပြီးတော့ဘဲ တတ်မြောက်ကျွမ်းကျင်လာကြတာပါ... Self-study ဆိုတာကတော့ ပညာရပ်တစ်ခုကို သင်တန်း (သို့) သင်ကြားပေးမဲ့ ဆရာတစ်ယောက်မရှိ ပေမဲ့ Online ပေါ်တွင်လည်းကောင်း၊ စာအုပ်ဖတ်၍ သော်လည်းကောင်း မိမိကိုယ်တိုင် ရှာဖွေသင်ယူခြင်းကို ဆိုလိုပါတယ်... English ဘာသာစကားမှာ အားနည်းနေတယ် သင်လို့တတ်နိုင်မလား? Hacking ကိုတီးမိခေါက်မိ ရှိရုံ အထိမြန်မာလို သင်ကြားပေးမဲ့ စာအုပ်တွေ အများအပြားပေါ်ထွက်လာပါပြီ...ဒီအဖြေမှာတော့ ချွင်းချက်ပါဝင်နေတာသတိထားမိမှာပါ...ခုနောက်ပိုင်းဆိုရင်တော့ အတိုင်းအတာတစ်ခုထိ တတ်မြောက်လာအောင်ကူညီပေးနိုင်တဲ့ မြန်မာဘာသာနဲ့ ရေးသားထားတဲ့ နည်းပညာစာအုပ်တွေရှိလာပါပြီ...နောက်တစ်ခုက Hacking ဆိုတာ နည်းပညာရဲ့ အဆုံးစွန်တတ်မြောက်မှု သိမြင်မှု ဆိုတာကိုနားလည်ထားဖို့ပါ...အဲတာကတော့ သင်ယူနေသူရဲ့ စိတ်ထဲမှာ ရှင်းနေအောင်လက်ခံထားရပါလိမ့်မယ်...ဆိုလိုတာကတော့ Hacking ကို သင်ချင်တယ် Hacker တစ်ယောက်ဖြစ်ချင်တယ် ဆိုတာ M...

So Stay at Home, Happy Coding

Image
 Programming Languages are just the tools Programming Languages တွေကို ကား (Car) နဲ့ နှိုင်းကြည့်ရအောင်။ Programming Languages အမြောက်အများရှိသလို ကား မှာလည်း အမျိုးအစား အမျိုးမျိုးရှိပါတယ်။ သင်ဟာ ကား အမျိုးအစားများစွာထဲမှ Honda Manual ကားကို မောင်းတက်တယ်ဆိုရင် တခြား မည့်သည့်ကားကို မဆို အချိန်ခဏယူလျှင် မောင်းတက်မှာ သေချာပါတယ်။ ဒီလိုပါဘဲ Javascript, PHP စသည့် Programming Language တစ်ခုခုကို နာလည်ပြီး သုံးနိုင်တယ်ဆိုရင် အခြား languages တွေကို သင်ယူရတာ အခက်အခဲရှိတော့မှာ မဟုတ်ပါ။ အချိန်ခဏတော့ ပေးရမှာပေါ့ နော််။ Programming Languages တွေဆိုတာ ကိုယ်လုပ်ချင်တဲ့ Web, App Project တွေကို အကောင်အထည်ဖော်််််််််ဖို့ရန် သုံးရသော Tools မျှသာဖြစ်ပါတယ်။  Client တစ်ယောက်အတွက် Web or App လုပ်ပေးရတယ်ဆိုပါစို့။ Client က ဘာ Language သုံးပြီး လုပ်ထားပါတယ်ဆိုတာကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ သူလိုချင်တဲ့ ပုံစံ system အတိုင်း ရဖို့အတွက်ဘဲ စိတ်ဝင်စားမှာပါ။ ပြီးတော့ ယနေ့ popular ဖြစ်နေတဲ့ language က နောက်နှစ်များတွေမှာ သုံးဖို့ အဆင်ပြေနေပါအုံးမလား? သူ့ထက်ပိုကောင်းတဲ့ Language တွေ မထွက်လာနိုင်ဘူးလို့ ပြော...

VARIABLES

Image
 Variables in JavaScript JavaScript variables ဆိုတာ data values တွေကို သိမ်းပေးထားတဲ့ အလုပ်လုပ်ပါတယ်။ JavaScript မှာ variable တစ်ခုတည်ဆောက်မယ် ကြေညာမယ်ဆိုရင် keyword တွေအသုံးပြုပြီး တည်ဆောက်ကြ ပါတယ် ။ variable တည်ဆောက်ရန် , , ဆိုပြီး keyword သုံးခုရှိပါတယ်။   = ; ဒီလိုဆိုရင် num ဆိုတဲ့ variable တစ်ခုကို တည်ဆောက်လိုက်တာဖြစ်ပါတယ်။ 10 ဆိုပြီး numeric value ကို num variable ထဲမှာ store လုပ်လိုက်ခြင်းဖြစ်ပါတယ်။   = ; ဒီလိုဆိုရင် two ဆိုတဲ့ variable တစ်ခုကို တည်ဆောက်ပြီး two ဆိုတဲ့ string value တစ်ခုကို two variable ထဲမှာ store လုပ်လိုက်ခြင်းဖြစ်ပါတယ်။  ; ဒီလိုဆိုရင် တော့ three ဆိုတဲ့ variable ကို declare လုပ်လိုက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် variable တစ်ခုတည်ဆောက်ဖို့အတွက် အချက်သုံးချက်ရှိပါတယ်။ ပထချက်အနေနဲ့ var or let or const keyword တစ်ခုသုံးရပါမယ်။ ဒုတိယအချက်အနေနဲ့ variable name ပေးရပါမယ်။ တတိယအချက်အနေနဲ့ = နဲ့ value ထည့်ပေးရပါ့မယ်။  ; ဒီလို ဆိုလျှင် four ဆိုတဲ့ variable တစ်ခုကို declare လုပ်တယ်လို့ခေါ်ပါတယ် ။   = ; ဒီလိုဆိုရင် four ဆိုတဲ့ variable ကို 4 ဆ...

STRING

Image
STRING JavaScript မှာ Data Types ကို ခွဲကြည့်ရင် primitive data types နဲ့ non-primitive data types နဲ့ဆိုပြီး နှစ်မျိုးရှိပါတယ်။ primitive data types ဆိုတာ object လည်းမဟုတ် methods တွေမရှိတဲ့ data type မျိုးကို ဆိုလိုပါတယ်(by MDN) ။ String , Number , Boolean , null ,undefined , Symbol က primitive data types ဖြစ်ပြီး Object Reference ဖြစ်တဲ့ array , function , objects တွေက non-primitive data types တွေဖြစ်ပါတယ်။ နောက်ပြီး primitive data types တွေက immutable ဖြစ်ပြီး non-primitive data types တွေက mutable ဖြစ်ပါတယ် ။ ဒါကို နောက်မှ သေခြာ ထပ်ရှင်းပြပါ့မယ်။ JavaScript က dynamic or loosely-typed language ဖြစ်ပါတယ်။ loosely-typed language ဆိုတာ variable တစ်ခု တည်ဆောက်တဲ့အခါ ဒီ variable က ဘာ data type ဖြစ်တယ်ဆိုတာကို (number ဖြစ်ကြောင်း ၊ string ဖြစ်ကြောင်းစသဖြင့စသဖြင့်) declare လုပ်ပေးစရာ မလိုပါဘူး ။ variable တစ်ခု (var or let or const ) key တစ်ခုခုသုံးပြီး declare လုပ်ပြီး value initialized လုပ်လိုက်တဲ့အခါ အဲ့ဒီ value ကို JavaScript က ဘာ data type ဖြစ်ကြောင်း သူ့အလိုလို သတ်မှတ် ပါတယ်။ အဲ့လို ...

NUMBER

Image
 Number Number က JavaScript Data type တစ်မျိုးဖြစ်ပြီး primitive data type အမျိုးစားဖြစ်ပါတယ်။ Integer , float, hexadecimal , octal စသည့် အကုန်းလုံးက number data types တွေပဲဖြစ်ပါတယ်။ Example let integer = 12 ; // (0,1,2,...9) let float = 0.23; // 0.23 let hex = 0xf; // 15 let octal = 030; // 24 ဒီမှာဆိုရင် logs ထုတ်ကြည့်ရင် ပထမ integer ကို ထုတ်တဲ့အခါ 12 ဆိုပြီး ရိုးရိုး integer value ကို ထုတ်ပေးပါ လိမ့်မယ် ။ ဒုတိယ float ကို logs လုပ်ရင် ဒသမ တန်ဖိုးဖြစ်တဲ့ 0.23 ဆိုပြီး ရပါလိမ့်မယ်။ တတိယ ဖြစ်တဲ့ hex ကို logs လုပ်ရင် hexadecimal တန်ဖိုးကို ပြောင်းထုတ်ပေးတဲ့အတွက် 15 ဆိုပြီး integer value ရပါလိမ့်မယ်။ ဒီနေရာ မှတ်စရာတစ်ခုရှိတာက 0x နဲ့ စရင် JavaScript က hexadecimal value လို့ သတ်မှတ်ပါတယ်။ octal ကို logs လုပ်ရင် octal value ပြောင်းသွားတဲ့အတွက် 24 ဆိုပြီးတော့ integer value ရပါလိမ့်မယ်။ နောက်ပိုင်မှာ hexadecimal နဲ့ octal အကြောင်းကို ရှင်းပြပါမယ့် ။ ဒီမှာမှတ်စရာတစ်ခုရှိပါတယ်။ number data type နဲ့ variable တစ်ခုတည်ဆောက်မယ်ဆိုရင် ပထမဆုံး character က integer ဖြစ်ရပါမယ် ၊ ပြီးတော့ သူတို့ကို do...

BOOLEAN

Image
 𝗕𝗼𝗼𝗹𝗲𝗮𝗻 Boolean က JavaScript Data type တစ်မျိုးဖြစ်ပြီး primitive data type အမျိုးစားဖြစ်ပါတယ်။ သူ့ကို logical data type လို့လည်း ခေါ်ပါတယ်။  သူ့မှာ values နှစ်ခုပဲရှိပါတယ်။ true နဲ့ false ဆိုပြီး တော့ပါ။  boolean data type ကို conditional statements တွေဖြစ်တဲ့ if-else , switch , while , do-while တို့မှာ condition တွေကို control လုပ်ဖို့အတွက် အသုံးပြုများပါတယ်။ 𝗘𝘅𝗮𝗺𝗽𝗹𝗲 𝗹𝗲𝘁 𝘆𝗲𝘀 = 𝘁𝗿𝘂𝗲; 𝗹𝗲𝘁 𝗻𝗼 = 𝗳𝗮𝗹𝘀𝗲; 𝗶𝗳(𝘆𝗲𝘀){  𝗮𝗹𝗲𝗿𝘁(“𝗖𝗼𝗱𝗲 𝗶𝘀 𝗲𝘅𝗲𝗰𝘂𝘁𝗲𝗱”); } ဒီမှာဆိုရင် alert box လေးနဲ့ “Code is executed” ဆိုပြီးတော့ ပြပါလိမ့်မယ်။ if condition statement ထဲမှာဆိုရင် သူက boolean ကိုစစ်ပါတယ်။ သူ့ သဘောက condition သာမှန်ခဲ့ရင် condition သာ true ဖြစ်ခဲ့ရင် “Code is executed” ကို alert box နဲ့ ပြမယ်ဆိုတဲ့ သဘောပါ။ ဒါကြောင့် boolean value က true ဖြစ်တဲ့အတွက် alert box နဲ့ code is executed ကို alert box နဲ့ ပြပေးတာဖြစ်ပါတယ်။     𝗶𝗳(𝗻𝗼){        𝗮𝗹𝗲𝗿𝘁(“𝗖𝗼𝗱𝗲 𝗶𝘀 𝗻𝗼𝘁 𝗲𝘅𝗲𝗰𝘂𝘁𝗲𝗱”);   ...