Posts

Showing posts from October, 2020

CMD

Image
 ကွန်ပျူတာ Run Box နှင့် CMD အကြောင်း ကျွန်တော်တင်ခဲ့တဲ့ပို့စ်တစ်ချို့မှာ ကျင့်သားရသွားအောင်  Run command, Cmd အသုံးပြုရတာတွေ ထည့်ရေးလေ့ရှိပါတယ်။  ဒါပေမယ့် တစ်ချို့ကွန်ပျူတာစအသုံးပြုတဲ့သူတွေကျတော့ cmd, run box ဆိုတာ ဘာမှန်းမသိသေးဘူး။ ဘယ်လိုဖွင့်ရမှန်းလည်း သူတို့မသိသေးပါဘူး။ အဲ့တာကြောင့် ကွန်ပျူတာစတင်လေ့လာအသုံးပြုနေသူတွေအတွက် Cmd, Run box အသုံးပြုနည်းအကြောင်းကို နည်းနည်းပြောပြချင်ပါတယ်။ Run box ကိုဖွင့်မယ်ဆိုရင် Windows Key နဲ့R ကို တွဲနှိပ်လိုက်ပါ။ ဒါမှမဟုတ် Search box မှာ Run လို့ ရိုက်ရှာလိုက်ပါ။ Run box ကို သုံးတာက ဘာနဲ့တူသလဲဆိုတော့ သူဌေးနဲ့သာမန်လူတန်းစားလိုပါပဲ။ သူဌေးက ရန်ကုန်သွားချင်တယ်ဆိုရင် လေယာဉ်စီးပြီး နာရီပိုင်းအတွင်း အရောက်သွားနိုင်ပေမယ့် သာမန်လူတန်းစာတွေ ပိုက်ဆံမတတ်နိုင်လို့သို့မဟုတ် ပိုက်ဆံကို မျှသုံးနေရလို့ ရထားနဲ့ပဲ ရန်ကုန်သွားသလိုပါပဲ။ ကွန်ပျူတာမှာလည်း ဆရာကျကျ၊ Pro ကျကျ ကွန်ပျူတာအသုံးပြုသူတွေက Keyboard ကို တစ်ချက်နှစ်လောက် ရိုက်လိုက်တာနဲ့ကိုယ်ဖွင့်ချင်တဲ့ program က တန်းဖွင့်နေပြီးသား။ ကွန်ပျူတာသိပ်မသုံးတတ်သေးတဲ့ သူတွေဆိုရင် Notepad လေးဖွင့်နိုင်ဖို့အရေး St...

How to Become a Hacker ? ဟက်ကာတစ်ယောက်ဘယ်လိုဖြစ်လာနိုင်လည်း

Image
Hacker ဖြစ်ချင်သူ ဖြတ်သန်းရမဲ့ ခရီးရှည် Hacking ကို Self-Study လုပ်ပြီးသင်ယူနိုင်မလား?  သင်ယူနိုင်ပါတယ်။ တိတိကျကျပြောရရင် တစ်ကမ္ဘာလုံးမှာရှိနေတဲ့ Hacker တွေတော်တော်များများက Hacking ကို Self-study လုပ်ပြီးတော့ဘဲ တတ်မြောက်ကျွမ်းကျင်လာကြတာပါ... Self-study ဆိုတာကတော့ ပညာရပ်တစ်ခုကို သင်တန်း (သို့) သင်ကြားပေးမဲ့ ဆရာတစ်ယောက်မရှိ ပေမဲ့ Online ပေါ်တွင်လည်းကောင်း၊ စာအုပ်ဖတ်၍ သော်လည်းကောင်း မိမိကိုယ်တိုင် ရှာဖွေသင်ယူခြင်းကို ဆိုလိုပါတယ်... English ဘာသာစကားမှာ အားနည်းနေတယ် သင်လို့တတ်နိုင်မလား? Hacking ကိုတီးမိခေါက်မိ ရှိရုံ အထိမြန်မာလို သင်ကြားပေးမဲ့ စာအုပ်တွေ အများအပြားပေါ်ထွက်လာပါပြီ...ဒီအဖြေမှာတော့ ချွင်းချက်ပါဝင်နေတာသတိထားမိမှာပါ...ခုနောက်ပိုင်းဆိုရင်တော့ အတိုင်းအတာတစ်ခုထိ တတ်မြောက်လာအောင်ကူညီပေးနိုင်တဲ့ မြန်မာဘာသာနဲ့ ရေးသားထားတဲ့ နည်းပညာစာအုပ်တွေရှိလာပါပြီ...နောက်တစ်ခုက Hacking ဆိုတာ နည်းပညာရဲ့ အဆုံးစွန်တတ်မြောက်မှု သိမြင်မှု ဆိုတာကိုနားလည်ထားဖို့ပါ...အဲတာကတော့ သင်ယူနေသူရဲ့ စိတ်ထဲမှာ ရှင်းနေအောင်လက်ခံထားရပါလိမ့်မယ်...ဆိုလိုတာကတော့ Hacking ကို သင်ချင်တယ် Hacker တစ်ယောက်ဖြစ်ချင်တယ် ဆိုတာ M...

So Stay at Home, Happy Coding

Image
 Programming Languages are just the tools Programming Languages တွေကို ကား (Car) နဲ့ နှိုင်းကြည့်ရအောင်။ Programming Languages အမြောက်အများရှိသလို ကား မှာလည်း အမျိုးအစား အမျိုးမျိုးရှိပါတယ်။ သင်ဟာ ကား အမျိုးအစားများစွာထဲမှ Honda Manual ကားကို မောင်းတက်တယ်ဆိုရင် တခြား မည့်သည့်ကားကို မဆို အချိန်ခဏယူလျှင် မောင်းတက်မှာ သေချာပါတယ်။ ဒီလိုပါဘဲ Javascript, PHP စသည့် Programming Language တစ်ခုခုကို နာလည်ပြီး သုံးနိုင်တယ်ဆိုရင် အခြား languages တွေကို သင်ယူရတာ အခက်အခဲရှိတော့မှာ မဟုတ်ပါ။ အချိန်ခဏတော့ ပေးရမှာပေါ့ နော််။ Programming Languages တွေဆိုတာ ကိုယ်လုပ်ချင်တဲ့ Web, App Project တွေကို အကောင်အထည်ဖော်််််််််ဖို့ရန် သုံးရသော Tools မျှသာဖြစ်ပါတယ်။  Client တစ်ယောက်အတွက် Web or App လုပ်ပေးရတယ်ဆိုပါစို့။ Client က ဘာ Language သုံးပြီး လုပ်ထားပါတယ်ဆိုတာကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ သူလိုချင်တဲ့ ပုံစံ system အတိုင်း ရဖို့အတွက်ဘဲ စိတ်ဝင်စားမှာပါ။ ပြီးတော့ ယနေ့ popular ဖြစ်နေတဲ့ language က နောက်နှစ်များတွေမှာ သုံးဖို့ အဆင်ပြေနေပါအုံးမလား? သူ့ထက်ပိုကောင်းတဲ့ Language တွေ မထွက်လာနိုင်ဘူးလို့ ပြော...

VARIABLES

Image
 Variables in JavaScript JavaScript variables ဆိုတာ data values တွေကို သိမ်းပေးထားတဲ့ အလုပ်လုပ်ပါတယ်။ JavaScript မှာ variable တစ်ခုတည်ဆောက်မယ် ကြေညာမယ်ဆိုရင် keyword တွေအသုံးပြုပြီး တည်ဆောက်ကြ ပါတယ် ။ variable တည်ဆောက်ရန် , , ဆိုပြီး keyword သုံးခုရှိပါတယ်။   = ; ဒီလိုဆိုရင် num ဆိုတဲ့ variable တစ်ခုကို တည်ဆောက်လိုက်တာဖြစ်ပါတယ်။ 10 ဆိုပြီး numeric value ကို num variable ထဲမှာ store လုပ်လိုက်ခြင်းဖြစ်ပါတယ်။   = ; ဒီလိုဆိုရင် two ဆိုတဲ့ variable တစ်ခုကို တည်ဆောက်ပြီး two ဆိုတဲ့ string value တစ်ခုကို two variable ထဲမှာ store လုပ်လိုက်ခြင်းဖြစ်ပါတယ်။  ; ဒီလိုဆိုရင် တော့ three ဆိုတဲ့ variable ကို declare လုပ်လိုက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် variable တစ်ခုတည်ဆောက်ဖို့အတွက် အချက်သုံးချက်ရှိပါတယ်။ ပထချက်အနေနဲ့ var or let or const keyword တစ်ခုသုံးရပါမယ်။ ဒုတိယအချက်အနေနဲ့ variable name ပေးရပါမယ်။ တတိယအချက်အနေနဲ့ = နဲ့ value ထည့်ပေးရပါ့မယ်။  ; ဒီလို ဆိုလျှင် four ဆိုတဲ့ variable တစ်ခုကို declare လုပ်တယ်လို့ခေါ်ပါတယ် ။   = ; ဒီလိုဆိုရင် four ဆိုတဲ့ variable ကို 4 ဆ...

STRING

Image
STRING JavaScript မှာ Data Types ကို ခွဲကြည့်ရင် primitive data types နဲ့ non-primitive data types နဲ့ဆိုပြီး နှစ်မျိုးရှိပါတယ်။ primitive data types ဆိုတာ object လည်းမဟုတ် methods တွေမရှိတဲ့ data type မျိုးကို ဆိုလိုပါတယ်(by MDN) ။ String , Number , Boolean , null ,undefined , Symbol က primitive data types ဖြစ်ပြီး Object Reference ဖြစ်တဲ့ array , function , objects တွေက non-primitive data types တွေဖြစ်ပါတယ်။ နောက်ပြီး primitive data types တွေက immutable ဖြစ်ပြီး non-primitive data types တွေက mutable ဖြစ်ပါတယ် ။ ဒါကို နောက်မှ သေခြာ ထပ်ရှင်းပြပါ့မယ်။ JavaScript က dynamic or loosely-typed language ဖြစ်ပါတယ်။ loosely-typed language ဆိုတာ variable တစ်ခု တည်ဆောက်တဲ့အခါ ဒီ variable က ဘာ data type ဖြစ်တယ်ဆိုတာကို (number ဖြစ်ကြောင်း ၊ string ဖြစ်ကြောင်းစသဖြင့စသဖြင့်) declare လုပ်ပေးစရာ မလိုပါဘူး ။ variable တစ်ခု (var or let or const ) key တစ်ခုခုသုံးပြီး declare လုပ်ပြီး value initialized လုပ်လိုက်တဲ့အခါ အဲ့ဒီ value ကို JavaScript က ဘာ data type ဖြစ်ကြောင်း သူ့အလိုလို သတ်မှတ် ပါတယ်။ အဲ့လို ...

NUMBER

Image
 Number Number က JavaScript Data type တစ်မျိုးဖြစ်ပြီး primitive data type အမျိုးစားဖြစ်ပါတယ်။ Integer , float, hexadecimal , octal စသည့် အကုန်းလုံးက number data types တွေပဲဖြစ်ပါတယ်။ Example let integer = 12 ; // (0,1,2,...9) let float = 0.23; // 0.23 let hex = 0xf; // 15 let octal = 030; // 24 ဒီမှာဆိုရင် logs ထုတ်ကြည့်ရင် ပထမ integer ကို ထုတ်တဲ့အခါ 12 ဆိုပြီး ရိုးရိုး integer value ကို ထုတ်ပေးပါ လိမ့်မယ် ။ ဒုတိယ float ကို logs လုပ်ရင် ဒသမ တန်ဖိုးဖြစ်တဲ့ 0.23 ဆိုပြီး ရပါလိမ့်မယ်။ တတိယ ဖြစ်တဲ့ hex ကို logs လုပ်ရင် hexadecimal တန်ဖိုးကို ပြောင်းထုတ်ပေးတဲ့အတွက် 15 ဆိုပြီး integer value ရပါလိမ့်မယ်။ ဒီနေရာ မှတ်စရာတစ်ခုရှိတာက 0x နဲ့ စရင် JavaScript က hexadecimal value လို့ သတ်မှတ်ပါတယ်။ octal ကို logs လုပ်ရင် octal value ပြောင်းသွားတဲ့အတွက် 24 ဆိုပြီးတော့ integer value ရပါလိမ့်မယ်။ နောက်ပိုင်မှာ hexadecimal နဲ့ octal အကြောင်းကို ရှင်းပြပါမယ့် ။ ဒီမှာမှတ်စရာတစ်ခုရှိပါတယ်။ number data type နဲ့ variable တစ်ခုတည်ဆောက်မယ်ဆိုရင် ပထမဆုံး character က integer ဖြစ်ရပါမယ် ၊ ပြီးတော့ သူတို့ကို do...

BOOLEAN

Image
 𝗕𝗼𝗼𝗹𝗲𝗮𝗻 Boolean က JavaScript Data type တစ်မျိုးဖြစ်ပြီး primitive data type အမျိုးစားဖြစ်ပါတယ်။ သူ့ကို logical data type လို့လည်း ခေါ်ပါတယ်။  သူ့မှာ values နှစ်ခုပဲရှိပါတယ်။ true နဲ့ false ဆိုပြီး တော့ပါ။  boolean data type ကို conditional statements တွေဖြစ်တဲ့ if-else , switch , while , do-while တို့မှာ condition တွေကို control လုပ်ဖို့အတွက် အသုံးပြုများပါတယ်။ 𝗘𝘅𝗮𝗺𝗽𝗹𝗲 𝗹𝗲𝘁 𝘆𝗲𝘀 = 𝘁𝗿𝘂𝗲; 𝗹𝗲𝘁 𝗻𝗼 = 𝗳𝗮𝗹𝘀𝗲; 𝗶𝗳(𝘆𝗲𝘀){  𝗮𝗹𝗲𝗿𝘁(“𝗖𝗼𝗱𝗲 𝗶𝘀 𝗲𝘅𝗲𝗰𝘂𝘁𝗲𝗱”); } ဒီမှာဆိုရင် alert box လေးနဲ့ “Code is executed” ဆိုပြီးတော့ ပြပါလိမ့်မယ်။ if condition statement ထဲမှာဆိုရင် သူက boolean ကိုစစ်ပါတယ်။ သူ့ သဘောက condition သာမှန်ခဲ့ရင် condition သာ true ဖြစ်ခဲ့ရင် “Code is executed” ကို alert box နဲ့ ပြမယ်ဆိုတဲ့ သဘောပါ။ ဒါကြောင့် boolean value က true ဖြစ်တဲ့အတွက် alert box နဲ့ code is executed ကို alert box နဲ့ ပြပေးတာဖြစ်ပါတယ်။     𝗶𝗳(𝗻𝗼){        𝗮𝗹𝗲𝗿𝘁(“𝗖𝗼𝗱𝗲 𝗶𝘀 𝗻𝗼𝘁 𝗲𝘅𝗲𝗰𝘂𝘁𝗲𝗱”);   ...

OBJECT

Image
 Object Object က JavaScript ရဲ့ data type တစ်ခုဖြစ်ပြီးတော့ non-primitive data type ဖြစ်ပါတယ်။ Object တစ်ခုဆိုတာ properties တွေကိုစုထားတဲ့ collection တစ်ခုဖြစ်ပါတယ်။ အဲ့ဒီ property တစ်ခုခြင်းစီမှာ name (or key) နဲ့ value ဆိုပြီး ရှိပါတယ် ။ အဲ့ဒီ value က number,string, array , function ( object ထဲက function ကို method လို့ခေါ်ပါတယ်) တွေဖြစ်နိုင်ပါတယ်။ တစ်ခြား data types တွေနဲ့ မတူတဲ့အချက်က object က value တွေကို တစ်ခုတည်းမဟုတ်ဘဲ values အများကြီးကို properties အနေနဲ့ hold လုပ်နိုင်ခြင်းဖြစ်ပါတယ်။ လက်တွေ့ ဥပမာတစ်ခုနဲ့ နှိုင်းယှဥ်ကြည့်ကြပါစို့ ။ car တစ်စီးရှိတယ်ဆိုပါစို့။ car က object တစ်ခုဆိုပါစို့ ။ သူ့ရဲ့ color ၊ သူ့ရဲ့model ၊ သူရဲ့ price ဒါတွေဟာသူ့ရဲ့ properties တွေပါ။ အခြား properties တွေလည်းအများကြီးရှိနိုင်ပါတယ်။ myLaptop ဆိုတဲ့ object တစ်ခုတည်ဆောက်ပါမယ်။ သူရဲ့ properties name တွေကို color ရယ် model ရယ် os ရယ်ရှိတယ်ဆိုပါစို့။ Example let myLaptop = new Object(); myLaptop.color = 'black'; myLaptop.model = 'Dell'; myLaptop.os = "windows 10"; console.log(myLa...

ARRAY

Image
 Array အရင် သင်ခန်းစာတွေအရ variable တစ်ခုမှာ value တစ်ခုပဲသတ်မှတ်လို့ရတယ်လို့ ပြောထားပါတယ်။ တစ်ခါ တစ်လေမှာ variable တစ်ခုတည်းမှာပဲ value တွေ အများကြီးသိမ်းထားချင်တဲ့အခါမျိုးရှိတက်ပါတယ်။ အဲ့ဒီလို variable တစ်ခုထဲမှာပဲ multiple values တွေ ထည့်ချင်တဲ့အခါ JavaScript မှာ Array ဆိုတဲ့ object data type ရှိပါတယ်။ array ဆိုတာ object data type ဖြစ်ပြီးတော့ multiple data တွေကို single variable ထဲမှာ သိမ်းပါတယ်။ နောက်ပြီး သူက non-primitive data type ဖြစ်ပါတယ်။ primitive နဲ့ non-primitive ကြောင်းနောက်ပိုင်းမှာ ရှင်းပြပါ့မယ်။ Array တည်ဆောက်မယ်ဆိုရင် နည်း (၂) နည်း ရှိပါတယ်။ Array Constructor နဲ့ Array literal ပါ။ Array literal syntax က ဒီလိုပါ။ const arrayname = [ element0,element1,element3, . . . ,element10]; Values တွေကို , (comma) နဲ့ ခြားပြီး [](square brackets) ထဲမှာ ထည့်ရေးပါတယ်။ JavaScript ရဲ့ Array ထဲမှာဆိုရင် data types အ** **မျိုးမျိုး ကိုသိမ်းလို့ရပါတယ်။ ဆိုလိုတာက number,boolean , string စတဲ့ data types တွေကို array ထဲမှာသိမ်းထားနိုင်တယ် ဆိုလိုတာပါ။ data types တူတဲ့ values တွေကြည့်ပဲ...

Steve Jobs

Image
 ဘဝအတွက် တန်ဖိုးရှိတဲ့စာစုလေးမို့ မျှဝေပေးလိုက်ပါတယ်။  Steve Jobs ဆုံးတော့ $ 7 Billion လောက်ထားခဲ့ရတယ်။ တစ်ခုခုတော့ကျန်ခဲ့မှာပါ။ သူက 56 နှစ်မှာ ပန်ကရိယ ကင်ဆာနဲ့ ဆုံးခဲ့တယ် သူမဆုံးခင်မှာ ပြောခဲ့တဲ့ စကားတချို့က တော်တော်ကောင်းတယ် "အခုချိန်မှာ ဖျားနာလို့ အိပ်ယာထဲလဲနေချိန် ငါ့ဘ၀ကို ပြန်လည်တွေးမိပြီး သဘောပေါက်ခဲ့တဲ့အရာတွေက ငါ့မှာ ရှိတဲ့ အောင်မြင်မှုတွေ ချမ်းသာကြွယ်၀မှုတွေက ငါအသက်မရှိတော့တဲ့အခါ အဓိပ္ပါယ်မဲ့သွားမှာပဲ" "မင်းအတွက် car မောင်းပေးဖို့ car driver ငှားပေးလို့ရပေမယ့် ရောဂါကျတော့ ဝေဒနာအစားထိုးခံပေးဖို့ လူငှားလို့မရဘူး အရာဝတ္ထု ပစ္စည်းဥစ္စာတွေကပျောက်သွားရင် ပြန်ရှာလို့ ရနိုင်ပေမယ့် အသက်ပျောက်သွားတဲ့အခါ ဘယ်တော့မှ ရှာမတွေ့တော့ဘူး" "ဒါကြောင့် ကိုယ့်ကျန်းမာရေး ကိုယ်ကိုတိုင် ကရုစိုက်ပါ မင်းကိုချစ်တဲ့လူတွေကို အလေးထားဆက်ဆံပါ $30 တန်နာရီပဲဖြစ်ဖြစ် ၊ $300 တန်နာရီပဲဖြစ်ဖြစ် အဲ့နာရီ ၂ ခုလုံးက မင်းသိချင်တဲ့ အချိန်တစ်ခုတည်းကိုပဲ တူညီစွာပြသပေးမှာပါ" "$150,000 တန်ကားကိုပဲမောင်းမောင်း ၊ $30000တန် ကားကိုပဲမောင်းမောင်း တူညီတဲ့လမ်း တူညီတဲ့ခရီးအကွာအဝေးနဲ့ သင်သွားချင်‌တဲ့န...

Myanmar Computer Basic 2

Image
Covidကာလမှာ Computer အခြေခံများကို အိမ်မှာနေရင်း လွယ်ကူစွာလေ့လာနိုင်မယ့်ဆော့ဝဲ ဒီဆော့ဝဲလေးသာဆောင်ထားမယ်ဆိုရင် ခုလို Covid ကာလမှာ သင်တန်းတက်စရာမလိုဘဲ အိမ်မှာနေရင်း လွယ်ကူစွာလေ့လာနိုင်မှာပါ။ ကိုယ့်အားလပ်ချိန်မှာ အချိန်မရွေးလေ့နိုင်ပါတယ်။ သင်ခန်းစာတွေကို Video လေးတွေနဲ့ အသေးစိတ်ရှင်းပြပေးထားတယ်ဗျ။ သင်ခန်းစာတွေလဲ အစုံပါပါတဲ့အတွက် စိတ်ကြိုက်လေ့လာလို့ရပါပါတယ်။ သင်ခန်းစာ video တွေကလဲအမြဲ update ဖြစ်နေမှာပါ။အသုံးလိုသူများ အောက်မှာ Download လုပ်ယူနိုင်ပါတယ်။ ဆော့ဝဲလ်ဒေါင်းယူရန် Myanmar Computer Basic 2 အားလုံးအဆင်ပြေပါစေ

DBE LMS APK

Image
မင်္ဂလာပါ Covid-19 ကာလမှာ ပညာရေးဝန်ကြီးဌာနက တရားဝင် ကြိုးပမ်းအားထုတ်ထားတဲ့ MDEP (Myanmar Digital Education Platform) ဆိုတဲ့ Application ကို တင်ပေးလိုက်ပါတယ်။ ဒီ Application ကို အသုံးပြုခြင်းအားဖြင့် အင်တာနက်ဖိုးမကုန်ဘဲ မူလတန်း မှစပြီး အထက်တန်းအထိ လေ့လာနိုင်တဲ့ သင်ကြားရေး အထောက်အကူပြု Application လေးပဲ ဖြစ်ပါတယ်။ ဒီ Application ကို COVID-19 ဖြစ်ပွားမှုတွေ မြင့်တက်နေလို့ ကျောင်းတွေ ပိတ်ထားတဲ့အချိန်မှာ အိမ်မှာနေရင်းနဲ့ အင်တာနက်ဖိုးမကုန်ပဲ သင်ရိုးအသစ်တွေ နဲ့ သင်ခန်းစာတွေကို ဆရာ/မတွေရော ကျောင်းသားတွေပါ အချိန်မရွေး၊ နေရာမရွေး အခမဲ့ လေ့လာသင်ယူနိုင်တဲ့ Application ကို သွားရောက် ဒေါင်းယူလိုက်ပြီး ဖုန်းထဲမှာ ထည့်သွင်းကာ တကယ့်ကို အကြိုးရှိမရှိကို မိတ်ဆွေတို့ ကိုယ်တိုင် လေ့လာလိုက်ကြပါ။ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ဒီ DBE LMS App ကို မြန်မာနိုင်ငံအတွင်းက ဖုန်းအော်ပရေတာအားလုံးနဲ့၊ အသုံးပြုသူတိုင်းကို အခမဲ့ (Zero Data Rate) နဲ့ သင်ယူလေ့လာနိုင်အောင် စီစဉ်ထားတဲ့ အချက်ပါပဲ။ Download Link :  DEB LMS APK Zawgyi မငျ်ဂလာပါ Covid-19 ကာလမှာ ပညာရေးဝနျကွီးဌာနက တရားဝငျ ကွိုးပမျးအားထုတျထားတဲ့ MDEP (Myanmar D...

Google အသုံးပြုနည်း

Image
 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 နှင့် 𝐌𝐨𝐛𝐢𝐥𝐞 𝐏𝐡𝐨𝐧𝐞 အသုံးပြုသူများ မဖြစ်မနေ သိထားသင့်သည့် အရာပါ။ 𝐆𝐨𝐨𝐠𝐥𝐞 အသုံးပြုနည်း လမ်းညွှန်။ --------------------- ပြည်တွင်းရှိ ကျောင်းသားများအတွက် 𝐆𝐨𝐨𝐠𝐥𝐞 သည် မရှိမဖြစ် အရာတစ်ခုဟုသာ အဓိပ္ပာယ် ဖွင့်ဆိုရမည် ဖြစ်သည်။ သို့သော်လည်း ကျောင်းသားအများစုက မည်သို့အသုံးပြုရမည်ကို သေချာစွာ သိရှိခြင်း မရှိသေးပေ။ မိမိရှာဖွေလိုသည့် အကြောင်းအရာ၊ အချက်အလက်များကို တိကျစွာရှာဖွေခြင်း၊ သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့ကို သေချာစွာ မသိရှိခြင်းကြောင့် အချိန်ကုန်၊ လူပင်ပန်း၊ ငွေကုန်ကြေးကျ များရသည့် အဖြစ်မျိုးနှင့်လည်း ကြုံနေရသည်။ ယင်းကဲ့သို့ အခြေအနေများရှိသည့် အတွက် ပြည်တွင်းရှိ ကျောင်းသားတိုင်းအတွက် 𝐆𝐨𝐨𝐠𝐥𝐞 အသုံးပြုနည်း လမ်းညွှန်အနေနှင့် အချက်အလက်များ ရှာဖွေခြင်း၊ သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့အတွက် နည်းလမ်းများကို စုစည်းဖော်ပြပေးအပ်ပါသည်။ 𝐆𝐨𝐨𝐠𝐥𝐞 𝐖𝐞𝐛 𝐒𝐞𝐚𝐫𝐜𝐡 (𝐓𝐢𝐩𝐬 𝐚𝐧𝐝 𝐓𝐫𝐢𝐜𝐤𝐬) ၁။ စာအုပ်တစ်အုပ်ကို 𝐩𝐝𝐟 𝐟𝐢𝐥𝐞 𝐟𝐨𝐫𝐦𝐚𝐭 နှင့် ရှာဖွေလိုပါက 𝐟𝐢𝐥𝐞𝐭𝐲𝐩𝐞:𝐩𝐝𝐟 ဟု ထည့်သွင်းရေးသားပြီး ရှာဖွေနိုင်မည် ဖြစ်သည်။ ဥပမာ ။ ။ 𝐞𝐥𝐞𝐜𝐭𝐫𝐨...

သင့်မဲရုံကိုရှာဖွေပါ

Image
အောက်တိုဘာ ၁ ရက်ကစပြီး အွန်လိုင်းကနေ မဲစာရင်းစစ်နိုင်ပြီ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ ကိုယ့်ရဲ့နာမည်ပါ/ မပါဆိုတာကို မဲစာရင်းစစ်ဖို့အတွက် အင်တာနက်အွန်လိုင်းကနေ အောက်တိုဘာ ၁ ရက်ကစပြီး စစ်ဆေးနိုင်ပြီလို့ သိရပါတယ်။ မဲပေးခွင့်ရမယ့်သူတွေရဲ့ စာရင်းကို အောက်တိုဘာလ ၁ ရက်ကနေ ၁၄ ရက်အထိ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ရုံးတွေ၊ ရပ်ကျေးရုံးတွေမှာ နောက်ဆုံးအကြိမ် ကြေညာပေးထားမှာ ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ လူကိုယ်တိုင် မသွားရောက်ချင်သူတွေအတွက် အွန်လိုင်းကနေ စစ်ဆေးနိုင်တာက အဆင်ပြေစေပါတယ်။ "သင့်မဲရုံကို ရှာဖွေပါ"( Find Your Polling Station) Website/App အသုံးပြုပုံနှင့် သင့် Computer သို့မဟုတ် Mobile Phone ၏ Web Browser တွင် Website ၏လိပ်စာကိုရိုက်ထည့်ပါ -  https://findyourpollingstation.uec.gov.mm သို့မဟုတ် ဖော်ပြပါ QR Code ကို Scan ဖတ်၍လည်း  Website သို့သွားရောက်နိုင်ပါသည်။ အသုံးပြုပုံအသေးစိတ်ကို ဖော်ပြပေးထားပါသည်။ Android App Download ရယူရန်   https://bit.ly/2HM94bj အသုံးပြုပုံ Download ရယူရန်  https://bit.ly/2HM94bj အဆင်ပြေကျပါစေ 😃 အသုံးလိုရင် Share သွားလိုက်ပါ။ အား...

" Computer စက်ရှင်းနည်း "

Image
 (က)windows key+R ကိုတွဲနှိပ်ပါ။ Box ထဲသို့အောက်က စာများရိုက်ထည့်ပေးပါ။ 1-temp 2-%temp% 3-prefetch 4-recent ပေါ်လာသမျှ folder and file များကို Shift delete ပေးဖျက်ပြစ်ပါ။ အပေါ်က ၄ခုလုံးလုပ်ပါ ပြီးရင် desktop ပေါ်က recycle bin ကို  rightclick ထောက်empty recycle bin ကိုနှိပ်>>>>>yes နှိပ် (ခ) disk cleanupလုပ်ခြင်း ကွန်ပြူတာကို နှေးစေသောအကြောင်းရာများထဲမှာ disk cleanup မလုပ်ခြင်းလည်းပါပါတယ်။ disk ကိုနေရာများများရအောင် လုပ်ခြင်းဖြစ်ပါတယ်။ အောက်ကအတိုင်းအဆင့်ဆင့်သွားလိုက်ပါ။ >> start>>all programs>> accessories>> system tools>> disk cleanup နှိပ် ။ 😘Run Box ( Window + R) >> cleanmgr >> ok >> Disk Clean Tab ထဲတွင် အောက်သုံးမျိုးကို အမှန်ခြစ်ပေးပါ။ Download program files, Temporary Internet files, Thumbnails😘okပေး delete files (ဂ)disk defragmenter လုပ်ခြင်း programs ကိုသွင်းလိုက် ထုတ်လိုက် လုပ်ဖန်များလာရင် ဖိုင်တွေက ဟိုနားတခု ဒီနားတခုနဲ့ ပြန့်ကျဲနေမယ်ဆိုရင် စက်ဖွင့်ရင် ဖိုင်ကိုလိုက်ရှာနေရတာကြောင့်စက်က လေးနေမယ် တော်တော်လေ...